အက်ဖ်အေဖလားတတိယအဆင့်မဲခွဲမှုရလဒ်များ ထွက်ပေါ်လာ
အက်ဖ်အေဖလားတတိယအဆင့်မဲခွဲမှုအစီအစဉ်ကို တနင်္လာနေ့ညနေပိုင်းမှာ ပြုလုပ်ခဲ့ရာ လက်ရှိချန်ပီယံ ခရစ္စတယ်ပဲလေ့စ်က Non-League ကလပ်အသင်းဖြစ်တဲ့ မက်ကလပ်ဖီးလ်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံကာ သူတို့ရဲ့ချန်ပီယံဆုကာကွယ်ရေးခရီးစဉ်ကို စတင်သွားရပါလိမ့်မယ်။ ဒီအဆင့်မှာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ထိပ်တိုက်တွေ့ဆုံမှုတွေလည်း ပါဝင်လာပြီး တော့တင်ဟမ်နဲ့ အက်စတွန်ဗီလာ၊ အဲဗာတန်နဲ့ ဆန်းဒါးလန်း၊ နယူးကာဆယ်နဲ့ ဘုန်းမောက်၊ မန်ချက်စတာယူနိုက်တက်နဲ့ ဘရိုက်တန်တို့ ယှဉ်ပြိုင်ကစားသွားရပါမယ်။
မန်စီးတီးနဲ့ လီဗာပူးတို့ကတော့ လိဂ်ဝမ်းကလပ်အသင်းတွေဖြစ်တဲ့ အိတ်စ်တာစီးတီး၊ ဘန်စလေတို့နဲ့ အသီးသီးရင်ဆိုင်သွားရပါလိမ့်မယ်။ ပရီးမီးယားလိဂ်ဦးဆောင်သူအာဆင်နယ်က ပို့စ်မောက်နဲ့ရင်ဆိုင်ဖို့အတွက် တောင်ဖက်ကမ်းရိုးတန်းဒေသထိ ခရီးဆက်ရပါလိမ့်မယ်။ ဒီအဆင့်မှာ လန်ဒန်ဒါဘီပွဲစဉ်နှစ်ခုအဖြစ် ချာလ်တန် vs ချဲလ်ဆီး၊ ဝက်စ်ဟမ်း vs ကျူပီအာတို့ ပါဝင်နေပါတယ်။
ဒီပွဲစဉ်တွေကို ဇန်နဝါရီ ၉ ရက်မှ ၁၂ ရက်အတွင်း ကျင်းပသွားဖို့ စီစဉ်ထားပြီး ယခင်နှစ်တွေလို ရလဒ်အဖြေမထွက်ပေါ်ရင် ဒုတိယအကျော့ မကစားစေဘဲ အချိန်ပိုဆက်လက်ယှဉ်ပြိုင်ခြင်း၊ လိုအပ်ရင် ပယ်နယ်တီအဆုံးအဖြတ်ခံယူပြီး အနိုင်အရှုံးရလဒ် ဆုံးဖြတ်ခြင်းတို့ ပြုလုပ်သွားပါလိမ့်မယ်။
အက်ဖ်အေဖလားတတိယအဆင့်မဲခွဲမှုရလဒ်များ
--------------------------------------------------
ဝုဗ် vs ရှရူးဘူရီ
ဒွန်ကတ်စတာ vs ဆောက်သမ်တန်
တော့တင်ဟမ် vs အက်စတွန်ဗီလာ
ပို့စ်ဗေးလ် vs ဖလက်ဝုဒ်
ပရက်စတန် vs ဝီဂန်
အစ်ဆွစ်ချ် vs ဘလက်ပူး
ဝရက်ဇ်ဟမ်း vs နော်တင်ဟမ်ဖောရက်စ်
ချာလ်တန် vs ချဲလ်ဆီး
မန်စီးတီး vs အိတ်စ်တာ
ဝက်စ်ဟမ်း vs ကျူပီအာ
ရှက်ဖီးဝင်းနက်စ်ဒေး vs ဘရန့်ဖို့ဒ်
ဖူလ်ဟမ် vs မစ်ဒယ်ဘရော့
အဲဗာတန် vs ဆန်းဒါးလန်း
လီဗာပူး vs ဘန်စလေ
ဘန်လေ vs မီဝေါ
နော့ဝှစ် vs ဝေါလ်ဆော
ပို့စ်မောက် vs အာဆင်နယ်
ဒါဘီ vs လိဒ်
ဆွမ်ဆီး vs ဝက်စ်ဘရွန်း
ဆဲလ်ဖို့ဒ် vs ဆွန်းဒွန်
ဘိုးဟမ်းဝုဒ် vs ဘရက်ကလေ or ဘာတန်
ဂရင်းစဘီ vs ဝက်စတွန်စူပါမာရီ
ဟူးလ်စီးတီး vs ဘလက်ဘန်း
နယူးကာဆယ် vs ဘုန်းမောက်
MK Dons vs အောက်စ်ဖို့ဒ်
ချယ်တင်ဟမ် vs လက်စတာ
ကမ်းဘရစ်ချ် vs ဘာမင်ဂမ်
ဘရစ္စတိုး vs ဝက်ဖို့ဒ်
စတုတ် vs ကိုဗင်ထရီ
မက်ကလပ်ဖီးလ် vs ခရစ္စတယ်ပဲလေ့စ်
မန်ချက်စတာယူနိုက်တက် vs ဘရိုက်တန်
ရှက်ဖီးယူနိုက်တက် vs မန်းဖီးလ်