The network connection is lost.

Banner Image

ဘရန့်ဖို့ဒ်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှ VAR ရဲ့ဆုံးဖြတ်ချက်ကို အမ်မရီ ဝေဖန်

ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တစ်ယောက်လျော့ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ ၀-၁ နဲ့အရေးနိမ့်ခဲ့ပြီးနောက် အသင်းဘက်မှ ဂိုးသွင်းယူမှုကို ခွင့်ပြုပေးခဲ့ခြင်းမရှိတဲ့ VAR  ရဲ့ဆုံးဖြတ်ချက်ကို အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက ဝေဖန်လာခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ဘရန့်ဖို့ဒ်က ပထမပိုင်းပြီးကာနီးမှာ ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး မိနစ်ပိုင်းအကြာမှာပဲ အက်စတွန်ဗီလာက ချေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ်။ သို့သော်လည်း အက်စတွန်ဗီလာရဲ့ချေပဂိုးဟာ ကွင်းရဲ့ဘေးစည်းကို ကျော်လွန်ပြီးမှ သွင်းယူခဲ့တာကြောင့် VAR  အနေနဲ့ ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ခြင်းမရှိလို့ ဗီလာတို့ အိမ်ကွင်းမှာ ရှုံးပွဲကြုံခဲ့ရတာဖြစ်ပါတယ်။

ယခုပွဲစဉ်မှာ ဘရန့်ဖို့ဒ်ကစားသမား ကီဗင်ရှာဒီတစ်ယောက် မက်တီကက်ရှ်ကို ကစားပုံကြမ်းခဲ့လို့ အနီကတ်ပြထုတ်ပယ်ခံခဲ့ရပေမယ့် ကစားသမားတစ်ယောက် အသာရခဲ့တဲ့ အက်စတွန်ဗီလာအနေနဲ့ ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။ အက်စတွန်ဗီလာအနေနဲ့ ပွဲချိန်တစ်ဝက်လောက်အထိ ကစားသမားတစ်ယောက်အသာနဲ့ကစားခွင့်ရခဲ့တာဖြစ်ပေမယ့် နိုင်ပွဲနဲ့လွဲချော်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ရမှတ် ၇ မှတ်အထိ ကွာဟသွားခဲ့ပြီလည်းဖြစ်ပါတယ်။

ပွဲအပြီးမှာ အူနိုင်းအမ်မရီက "ကျွန်တော်တို့ဂိုး ခွင့်မပြုပေးခဲ့တာကို ကျွန်တော်လက်ခံပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ မတရားဘူးလို့ ထင်မိပါတယ်။ ကျွန်တော်ပြောချင်တာက အဲဒါ အချိန်အရမ်းကြာသွားခဲ့ပြီလေ၊ စည်းကြပ်ဒိုင်က ဘောလုံး စည်းကိုကျော်သွားတာကို မမြင်လိုက်ဘူး။ ဒါကြောင့် ကျွန်တော်တို့ ဆက်ကစားဖို့လိုပါတယ်"

"ဒါပေမယ့် ဒီလိုအခြေအနေမှာ VAR က ဝင်ပြီးတော့ မစွက်ဖက်သင့်ပါဘူး။ ဒါက မတရားပါဘူး။ ဒီထက်ပိုပြီးကျွန်တော့်မှာ ပြောစရာမရှိပါဘူး။ ဒါက ဘောလုံးပါပဲ။ ဘရန့်ဖို့ဒ်က ကစားသမားတစ်ယောက်လျော့နဲ့ အကောင်းဆုံးကစားသွားခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။