ဝက်စ်ဟမ်းအသင်းထံ အငှားနဲ့ပြောင်းရွှေ့သွားတဲ့ ချဲလ်ဆီးနောက်ခံလူ ဒီဆာဆီ
ချဲလ်ဆီးနောက်ခံလူ အက်ဇယ်ဒီဆာဆီဟာ လန်ဒန်ပြိုင်ဘက် ဝက်စ်ဟမ်းအသင်းထံ ရာသီကုန်အထိ အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။
ချဲလ်ဆီးရဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ နွေရာသီ 'bomb squad' ရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ ကစားမသာ ဒီဆာဆီဟာ ရာသီအစကတည်းက အသင်းကြီးလူစာရင်းကနေ ဖယ်ထုတ်ခံထားရတာဖြစ်ပါတယ်။
Fabrizio Romano ရဲ့အဆိုအရ အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ဝက်စ်ဟမ်းကို အငှားပြောင်းရွှေ့ခြင်းဖြင့် ကစားသမားဘဝကို ပြန်လည်စတင်ဖို့ အခွင့်အရေးရရှိတော့မှာဖြစ်ပါတယ်။
ရိုးမား နဲ့ အေစီမီလန် အပါအဝင် စီးရီးအေကလပ်အချို့က ဒီဆာဆီကို စိတ်ဝင်စားခဲ့ပေမဲ့ ခေါ်ယူလိုခြင်းမရှိဘူးလို့ သတင်းတွေကဆိုပါတယ်။
ဒီဆာဆီဟာ ဇန်နဝါရီအပြောင်းအရွှေ့နောက်ဆုံးရက်မတိုင်ခင်မှာပဲ ဝက်စ်ဟမ်းမှာ ဆေးစစ်မှုခံယူခဲ့ပြီး အပြောင်းအရွှေ့ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။