The network connection is lost.

Banner Image

အန်ဒါလက်တောင်ပံကစားသမား နီလ်ဆန်အန်ဂူလိုကို ယူရို သန်း ၂၀ ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ဆန်းဒါးလန်း ကြေညာ

အင်္ဂလန်ကလပ် ဆန်းဒါးလန်းအသင်းဟာ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်အသင်းကနေ တောင်ပံကစားသမား နီလ်ဆန်အန်ဂူလိုကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာချက်ထုတ်ပြန်လာခဲ့ပါတယ်။အီကွေဒေါနိုင်ငံသား အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမား အန်ဂူလိုဟာ ဆန်းဒါးလန်းအသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။

၎င်းဟာ ဝဲယားဆိုက်ဒ်မြေမှာ လေးနှစ်ခွဲသက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး နောက်ထပ် တစ်နှစ်သက်တမ်းတိုးခွင့်ကိုလည်း စာချုပ်ပါ အချက်အလက်တွေမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ဆန်းဒါးလန်းအသင်းရဲ့ အားကစားဒါရိုက်တာ ခရစ်စဂျန်စပီ့ခ်မန်းကတော့ နီလ်ဆန်ဟာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အခုလို အသင်းကို ရွေးချယ်ခဲ့တဲ့အတွက် ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့ပါတယ်။

"နီလ်ဆန်ဟာ မြန်နှုန်းမြင့်ပြီး ဖန်တီးမှုအားကောင်းတဲ့ တောင်ပံကစားသမားတစ်ဦး ဖြစ်ပါတယ်။ သူဟာ ပြိုင်ဘက်ရဲ့ ဂိုးဧရိယာအတွင်းမှာ သက်ရောက်မှုရှိစေမယ့် အရည်အချင်းတွေ ပိုင်ဆိုင်ထားသလို အသင်းအတွက်လည်း အစွမ်းပြဖို့ စိတ်အားထက်သန်နေသူပါ" လို့ စပီ့ခ်မန်းက ဖွင့်ဟခဲ့ပါတယ်။

ဒါ့အပြင် အန်ဂူလိုဟာ အသက်ငယ်ရွယ်သေးပေမဲ့ ပြည်တွင်းလိဂ်တွေအပြင် ဥရောပပြိုင်ပွဲတွေနဲ့ အီကွေဒေါလက်ရွေးစင်အသင်းမှာပါ စိတ်ဝင်စားစရာကောင်းတဲ့ အတွေ့အကြုံတွေ ရရှိထားပြီးသူ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

အခုလို ထိပ်တန်းကစားသမားတစ်ဦးကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် အသင်းဘက်က အားရကျေနပ်နေပြီး အန်ဂူလိုကို အသင်းမှာ အကောင်းဆုံး ကြိုဆိုနိုင်ဖို့ မျှော်လင့်နေကြောင်းလည်း စပီ့ခ်မန်းက ဆက်လက်ပြောကြားခဲ့ပါတယ်။