The network connection is lost.

Banner Image

ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ပစ်မှတ် ပက်ထရစ်ဇာဘီ လီဂူးဝမ်းသို့ပြောင်းရွှေ့ဖို့ပြင်ဆင်

မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်အသင်းတို့ဟာ ၎င်းတို့အပြိုင်အဆိုင် ပစ်မှတ်ထားနေတဲ့ အသက် ၁၉ နှစ်အရွယ် အိုင်ဗရီကို့စ် လူငယ်ကွင်းလယ်ကစားသမား ပက်ထရစ်ဇာဘီကို ခေါ်ယူခွင့် လွဲချော်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

အရပ် ၆ ပေ ၃ လက်မရှိတဲ့ အဆိုပါ လူငယ်ကြယ်ပွင့်ကို ဆောင်းရာသီအပြောင်းအရွှေ့ ကာလတစ်လျှောက်လုံး ပရီးမီးယားလိဂ်ကလပ်အသင်းတွေက ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ကြတာပါ။ ဒါပေမဲ့လည်း အပြောင်းအရွှေ့က ဖြစ်မလာခဲ့တာကြောင့် ယူနိုက်တက်နဲ့ နယူးကာဆယ်လ် ပရိသတ်တွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။

ပြင်သစ်အားကစားသတင်းဌာနတစ်ခုဖြစ်တဲ့ လီကွစ်ပ်ရဲ့ ဖော်ပြချက်အရ ဇာဘီဟာ လာမယ့်နွေရာသီမှာ ယူရို ၂၅ သန်းဝန်းကျင်နဲ့ ပဲရစ်အက်ဖ်စီအသင်းကို ပြောင်းရွှေ့သွားတော့မှာ ဖြစ်ပါတယ်။ ဒါဟာ အင်္ဂလန်ကလပ်တွေ စောင့်ကြည့်နေတဲ့ ကစားသမားတစ်ယောက်အတွက် အလွန်တန်ဖိုးနည်းတဲ့ ပြောင်းရွှေ့ကြေးတစ်ခုလည်း ဖြစ်နေပါတယ်။

ဒီရာသီမှာ နည်းပြ ကာရယ်လ်ဂဲရတ်စ်ရဲ့ စတိတ်ဒီရိမ်းစ်အသင်းအတွက် ၂၄ ပွဲအထိ ပါဝင်ကစားပေးထားတဲ့ ဇာဘီဟာ ၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားနိုင်သူပါ။ ၎င်းရဲ့ ကစားဟန်ဟာ ယူနိုက်တက် ကွင်းလယ်လူဟောင်း ပေါ့ဂ်ဘာနဲ့ ဆင်တူတယ်လို့လည်း သတ်မှတ်ခံထားရပါတယ်။

အီတလီကလပ်တွေဖြစ်တဲ့ အေစီမီလန်၊ အင်တာမီလန်နဲ့ ဖီအိုရင်တီးနားတို့ကလည်း ဒီအိုင်ဗရီကို့စ် ကွင်းလယ်လူကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြပါသေးတယ်။ ဒါပေမဲ့ ဇာဘီကတော့ သူ့ရဲ့တိုးတက်မှုအတွက် ပြင်သစ်မြေမှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ယူနိုက်တက်ဟာ အသင်းကနေ ထွက်ခွာတော့မယ့် ကတ်စီမီရိုးရဲ့နေရာမှာ အစားထိုးဖို့အတွက် အီလီယက်အန်ဒါဆန်၊ အဒမ်ဝေါ်တန်၊ ဆန်ဒရိုတိုနာလီနဲ့ ကားလို့စ်ဘာလီဘာတို့ကို ပစ်မှတ်ထား စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ဇာဘီရဲ့ ပဲရစ်အက်ဖ်စီကို ပြောင်းရွှေ့မှုဟာ လက်ရှိအချိန်အထိ တရားဝင် မကြေညာသေးပေမယ့် ဒီတစ်ပတ်အတွင်းမှာပဲ ထုတ်ပြန်လာဖို့ ရှိနေပါတယ်။