The network connection is lost.

Banner Image

အက်ဖ်အေဖလားစတုတ္ထအဆင့်မဲခွဲမှုရလဒ် ထွက်ပေါ်လာပြီး အက်စတွန်ဗီလာနဲ့ နယူးကာဆယ်တို့ ထိပ်တိုက်တွေ့ဆုံ

အက်ဖ်အေဖလားစတုတ္ထအဆင့်မဲခွဲမှုအခမ်းအနား ပြုလုပ်ခဲ့ပြီး ချဲလ်ဆီးနည်းပြသစ်လီယမ်ရိုစီနီယာက အသင်းဟောင်းဟူးလ်စီးတီးနဲ့ ပြန်လည်ဆုံတွေ့ရပါလိမ့်မယ်။ ရိုစီနီယာက စထရာဘော့ဆီမပြောင်းရွှေ့ခင် ဟူးလ်စီးတီးကို ကိုင်တွယ်ခဲ့ပြီး အသင်းကို ချန်ပီယံရှစ်ပလေးအော့ဖ်အဆင့်ဆီ မပို့ဆောင်ပေးနိုင်လို့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကုန်ဆုံးချိန်၊ ရာထူးမှထုတ်ပယ်ခံခဲ့ရပါတယ်။ 

မြောက်ပိုင်းနေရှင်းနယ်လိဂ်ကလပ်အသင်း မက်ကလက်စ်ဖီးလ်က နောက်ထပ်ပရီးမီးယားလိဂ်အသင်းဖြစ်တဲ့ ဘရန့်ဖို့ဒ်နဲ့ အခုအဆင့်မှာ ထပ်မံဆုံတွေ့ရပါမယ်။ သူတို့တွေက တတိယအဆင့်ပွဲစဉ်မှာ လက်ရှိချန်ပီယံခရစ္စတယ်ပဲလေ့စ်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့ပြီး နောက်ထပ်ကြီးမားတဲ့အောင်ပွဲတစ်ခုရယူဖို့ ရည်မှန်းနေပါလိမ့်မယ်။

အခြားတဖက်မှာလည်း လီဗာပူးက ဘရိုက်တန်နဲ့ရင်ဆိုင်ရဖို့ ရှိနေပြီး လိဒ်ကတော့ ဘာမင်ဂမ်မြို့မှာ ချန်ပီယံရှစ်ကလပ်အသင်းနဲ့ထိပ်တိုက်ယှဉ်ပြိုင်ကစားဖို့ အခွင့်အရေးရရှိခဲ့ပါတယ်။ အာဆင်နယ်က ဝီဂန်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ရှိပြီး မန်စီးတီးကလည်း ဆဲလ်ဖို့ဒ်(သို့မဟုတ်)ဆွင်ဒန်ကို ဧည့်ခံကြိုဆိုပေးရပါမယ်။ ဒါ့အပြင် အခုအဆင့်မှာ အက်စတွန်ဗီလာနဲ့ နယူးကာဆယ် ထိပ်တိုက်တွေ့ဆုံနေတဲ့ ပရီးမီးယားလိဂ်ပုံစံပွဲစဉ်တစ်ခုလည်း ပါဝင်နေပါတယ်။အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်တွေကို ဖေဖော်ဝါရီ ၁၄ ရက်ဝန်းကျင်သီတင်းပတ်ကုန်ပိုင်းမှာ ကျင်းပသွားပါမယ်။

အက်ဖ်အေဖလားစတုတ္ထအဆင့်မဲခွဲမှုရလဒ်များ
--------------------------------------------------
လီဗာပူး vs ဘရိုက်တန်
စတုတ်စီးတီး vs ဖူလ်ဟမ်
အောက်စ်ဖို့ဒ်ယူနိုက်တက် vs ဆန်းဒါးလန်း
ဆောက်သမ်တန် vs လက်စတာစီးတီး
ဝရက်ဇ်ဟမ်း vs အစ်ဝှစ်ချ်
အာဆင်နယ် vs ဝီဂန်
ဟူးလ်စီးတီး vs ချဲလ်ဆီး
ဘာတန် vs ဝက်စ်ဟမ်း
ဘန်လေ vs မန်းစ်ဖီးလ်တောင်း
နော်ဝစ်ချ်စီးတီး vs ဝက်စ်ဘရွန်း
ပို့စ်ဗေးလ် vs ဘရစ္စတိုးစီးတီး
ဂရင်းစဘီ vs ဝုဗ်
အက်စတွန်ဗီလာ vs နယူးကာဆယ်
မန်ချက်စတာစီးတီး vs ဆဲလ်ဖို့ဒ် သို့မဟုတ် ဆွင်ဒန်
မက်ကလက်စ်ဖီးလ် vs ဘရန့်ဖို့ဒ်
ဘာမင်ဂမ် vs လိဒ်