
ယူနိုက်တက်ပစ်မှတ်အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဂယ်ရီနဗီးလ်
ယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ဝုဗ်စတား ကန်ဟာကိုခေါ်ယူမယ့် အသင်းဟောင်းရဲ့လှုပ်ရှားမှုကို ထောက်ခံလိုက်ပါတယ်။ ဘရာဇီးသားဟာ အခုနှစ်အစောပိုင်းတုန်းက ဝုဗ်အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပြီး စာချုပ်သစ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေးပေါင် ၆၂.၅ သန်းပါဝင်နေပါတယ်။
ကန်ဟာကို ယူနိုက်တက်အပြင် အသင်းတော်တော်များများက စိတ်ဝင်စားနေပါယတ်။ တီကိုစတားဟောင်းဟာ အာမိုရင်လက်အောက်မှာ ကစားချင်နေပေမယ့် ပြောင်းရွှေ့ဖို့တော့ ခက်ခဲနိုင်တာဖြစ်ပါတယ်။ အာမိုရင်ရဲ့အသင်းဟာ ဒီရာသီတိုက်စစ်ပိုင်းမှာ ဇီကာဇီး နဲ့ ဟွိုက်လန်းတို့ရှိနေပေမယ့် ဂိုးတွေရဖို့ရုန်းကန်နေရတာဖြစ်ပါတယ်။ နဗီးလ်က ကန်ဟာရဲ့ကစားဟန်ဟာ စွယ်စုံရတာကြောင့် ယူနိုက်တက်အတွက်အသုံးဝင်နိုင်တယ်လို့ ယုံကြည်နေပါတယ်။
“သူတို့ အဲ့နေရာကို လိုအပ်နေတာပါ။ ကန်ဟာက ယူနိုက်တက်အသင်းမှာ အံဝင်နိုင်ပါတယ်။ သူတို့ ဆန်ချို ၊ ရက်ရှ်ဖို့ဒ် ၊ အန်တိုနီတို့ကို လက်လွှတ်ထားပါတယ်။ လက်ရှိမှာ ဂါနာချိုက အဲ့နေရာမှာ ကစားနေပေမယ့် အဆင်မပြေပါဘူး။ ပြိုင်ဘက်ကို အလဲထိုးနိုင်မယ့်ကစားသမားမျိုး လိုအပ်ပါတယ်။ ဘောလုံးနဲ့အတူ အလယ်ကနေဖောက်ထွက်မယ့်သူမျိုးလိုအပ်ပါတယ်။ သူတို့ ဂိုးတွေလိုအပ်ပါတယ်။ ကန်ဟာက ယူနိုက်တက်လိုအပ်နေတဲ့ကွက်လပ်ပါ”လို့ နဗီးလ်က ပြောကြားခဲ့ပါတယ်။
ဝုဗ်ကိုအရေးနိမ့်ပြီးနောက် အာမိုရင်က “အဲ့တာက အသင်းလိုက်အရာပါ။ မှန်ပါတယ်။ ကျွန်တော်တို့မှာ ဒီအသင်းဘာလိုအပ်လဲဆိုတဲ့စိတ်ကူးရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တိုက်စစ်မှာ အနည်းဆုံး ၃ ယောက်နဲ့ကစားတာပါ။ အသင်းတိုင်းက ဂိုးသွင်းနိုင်ဖို့ လိုအပ်ပါတယ်။ တိုက်စစ်ကော ၊ ကွင်းလယ်ကနေပါ အခွင့်အရေးရဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အသင်းတစ်သင်းအနေနဲ့ တိုးတက်ဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားအနေနဲ့ ဒီလိဂ်မှာ ဂိုးသွင်းနိုင်ရင် နိုင်ပွဲရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။