ချဲလ်ဆီးကိုရှုံးနိမ့်ခဲ့သောပွဲစဉ်အပြီး ရယ်ရွှင်ဖွယ်ပေးဂိုးတွေကို ပျက်ရယ်ပြုလှောင်ပြောင်ခဲ့တဲ့ ဝုဗ်နည်းပြအက်ဒ်ဝက်စ်
ယမန်နေ့ညပိုင်း၊ ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ဝုဗ်နည်းပြရော့ဘ်အက်ဒ်ဝက်စ်က သူ့အသင်းအတွက် အနိုင်ရလဒ်ဖော်ဆောင်နိုင်ဖို့ အခွင့်အရေးလုံး၀မရရှိခဲ့ဘူးလို့ အတိအလင်းဝန်ခံပြောဆိုခဲ့ပါတယ်။
အခုပွဲစဉ်အတွင်း ချဲလ်ဆီးကြယ်ပွင့်ကိုးလ်ပယ်လ်မာရဲ့ ပယ်နယ်တီနှစ်ဂိုးအပါအဝင် ဟက်ထရစ်ရယူမှုက ချဲလ်ဆီးကို ၃-၁ ဂိုးဖြင့် နိုင်ပွဲရရှိအောင် ကူညီပေးခဲ့ပါတယ်။ပွဲစဉ်အပြီး နည်းပြအက်ဒ်ဝက်စ်က သူ့အသင်းကစားဟန်ကို ဒေါသထွက်လွန်းလို့ တံခါးကို လက်သီးနဲ့ထိုးမိတဲ့အထိ စိတ်ပျက်ခဲ့တယ်လို့ အတိအလင်းဝန်ခံခဲ့ပါတယ်။
"ကျွန်တော်တို့ ပွဲစဉ်ကို တကယ်ခွန်အားအပြည့်နဲ့ စတင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ထိပ်တန်းကစားသမားတွေရှိတဲ့ အသင်းကြီးတစ်ခုကို ရင်ဆိုင်ကစားရချိန် အခုလိုမိုက်မဲလွန်းတဲ့အမှားတွေလုပ်မိခဲ့လို့ ကျွန်တော်တို့အတွက် ခက်ခဲတဲ့နေ့ရက်တစ်ခု ဖြစ်သွားခဲ့ပါတယ်" လို့ အက်ဒ်ဝက်စ်က ပြောပါတယ်။
နှစ်ဂိုးပြတ်ရှုံးနိမ့်သွားချိန် ကစားသမားတွေရဲ့စွမ်းဆောင်ရည် နိမ့်ကျသွားခဲ့ပြီး ပွဲအစပိုင်းမိနစ်တွေနဲ့ မတူညီတော့ဘူးလို့ သူက ဆိုပါတယ်။
ဒါပေမဲ့ ကစားသမားတွေရဲ့ပွဲချိန်ဒုတိယပိုင်းတုံ့ပြန်မှုအပေါ် နည်းပြက ကျေနပ်နေပါတယ်။ ပထမပိုင်းပွဲချိန်အပြီး အသင်းကို ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်ကာ ဝုဗ်ကစားသမားတွေကိုယ်တိုင်လည်း စိတ်ဓာတ်မကျဘဲ ပြန်လည်တိုက်ပွဲဝင်ခဲ့ကြပါတယ်။
အက်ဒ်ဝက်စ်က သူတို့အသင်းဟာ နောက်ဆုံးအချိန်အထိ အရှုံးမပေးဘဲ တိုက်ပွဲဝင်ခဲ့ကြောင်း၊ အကယ်၍သာ ဒုတိယပိုင်းမှာ ဒီလို စိတ်ဓာတ်မျိုးနဲ့ ပြန်မလာနိုင်ခဲ့ရင် ဒီနေ့ပွဲဟာ အရှက်ရစရာ ရလဒ်မျိုး ဖြစ်သွားနိုင်တယ်လို့လည်း ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ချေပဂိုးသွင်းယူပေးခဲ့တဲ့ တိုလူ အယိုကိုဒါယီနဲ့ပတ်သက်လို့ ဝုဗ်နည်းပြက ချီးကျူးခဲ့ပါတယ်။ အသင်းသစ်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အခုလိုကစားသမားသစ်တွေရဲ့ အခန်းကဏ္ဍကို သူက အသိအမှတ်ပြုခဲ့ပါတယ်။
"ကမ္ဘာ့အကောင်းဆုံးလိဂ်ပြိုင်ပွဲမှာ ကျွန်တော်တို့က တိုးတက်လာနိုင်ဖို့ ကြိုးစားနေပါတယ်။ အပြောင်းအရွှေ့ကာလအတွင်း အသင်းမှထွက်ခွာသွားသူတွေ များခဲ့ပေမဲ့ အသစ်ရောက်လာတဲ့ ကစားသမားတွေလည်း တကယ်ကို ထူးချွန်ကြပါတယ်" လို့ အက်ဒ်ဝက်စ်က ဆိုပါတယ်။
အယိုကိုဒါယီကိုယ်တိုင်လည်း အသင်းအတွက် ကြိုးစားအားထုတ်ခဲ့သလို အခုလို ဂိုးသွင်းယူနိုင်မှုဟာ သူ့အတွက်ရော၊ အသင်းအတွက်ပါ ရှေ့ဆက်ဖို့ အားဆေးတစ်ခွက်ဖြစ်စေမယ်လို့လည်း ဝုလ်ဗ်နည်းပြက ဖွင့်ဟခဲ့ပါတယ်။