ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အာဆင်နယ်လိုအပ်နေတဲ့ ကစားသမားတစ်ဦးရဲ့အမည်ကို အကြုံပြုလာတဲ့ ပီတစ်
အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်း အီမန်နူရယ်ပီတစ်က အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ်အောင်ပွဲခံနိုင်ဖို့ မန်ချက်စတာယူနိုက်တက်တိုက်စစ်ကြယ်ပွင့် ဘရိုင်ဘန်အမ်ဘွေမိုလိုကစားသမားမျိုး လိုအပ်နေကြောင်း အကြံပေးပြောကြားလာခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ လောလောဆယ်မှာ အမှတ်ပေးဇယားကို ထိပ်ဆုံးကနေဦးဆောင်ထားဆဲဖြစ်ပေမယ့် ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ယူနိုက်တက်ကို ၂-၃ နဲ့အရေးနိမ့်ခဲ့တာကြောင့် ဒုတိယနေရာက မန်စီးတီးကို ရမှတ် ၄ မှတ်သာ ဖြတ်တောက်ထားနိုင်တော့တာဖြစ်ပါတယ်။
အဆိုပါယူနိုက်တက်နဲ့ပွဲစဉ်မှာ အာဆင်နယ်ဟာ ပထမပိုင်းအတွင်း အမ်ဘွေမိုရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရသလို ဒုတိယပိုင်းမှာတော့ ပက်ထရစ်ဒေါ်ဂူနဲ့ မားသီးယက်စ်ကွန်ဟာတို့ရဲ့ဂိုးတွေကို ထပ်မံခွင့်ပြုခဲ့ရတာကြောင့် အိမ်ကွင်းမှာ ရှုံးပွဲကြုံခဲ့ရတာဖြစ်ပါတယ်။
ယခုအခါမှာ ပီတစ်က "ယူနိုက်တက်နဲ့ အာဆင်နယ်တို့ပွဲကိုကြည့်ပြီး အမ်ဘွေမိုအပေါ် ကျွန်တော့်ရဲ့အမြင်တွေ မှန်ကန်နေတယ်ဆိုတာ မြင်တွေ့ခဲ့ရပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေက တကယ်ကို ပါးပါးနပ်နပ်ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဂိုးရှေ့မှာ အခွင့်အရေးကို အသုံးချနိုင်စွမ်းရှိသလို၊ ဂိုးဖန်တီးမှုပိုင်းမှာလည်း အရမ်းတော်ပါတယ်"
"သူ့ရဲ့ကြိုးစားအားထုတ်မှုပုံစံနဲ့ ကွင်းထဲကအပြုအမူတွေကို ကျွန်တော်သဘောကျပါတယ်။ နည်းစနစ်ပိုင်းနဲ့ စိတ်ဓာတ်ပိုင်းမှာပါ ကောင်းမွန်သလို၊ အရေးကြီးဆုံးကတော့ အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားပုံပါပဲ။ သူက အသင်းတစ်သင်းရဲ့တိုက်စစ်ပိုင်းကို ထူးခြားတဲ့အပြောင်းအလဲတွေ ယူဆောင်ပေးလာနိုင်သူပါ"
"ရုပ်ပိုင်းဆိုင်ရာမှာ အားကောင်းမောင်းသန်ကြီးမဟုတ်ပေမယ့် ကွင်းထဲမှာတော့ ရှိသမျှအားအကုန်သုံးပြီး ကစားတတ်ပါတယ်။ သူက ထက်ထက်မြက်မြက်လည်းရှိလို့ ကျွန်တော်ပိုသဘောကျမိပါတယ်။ ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ ယူနိုက်တက် သူ့ကိုရလိုက်တာ တကယ်ကိုတန်ပါတယ်။ အာဆင်နယ်ရဲ့တိုက်စစ်မှာလိုအပ်နေတာလည်း ဒီလိုကစားသမားမျိုးပါ" လို့ပြောကြားခဲ့ပါတယ်။