The network connection is lost.

Banner Image

ကာရစ်ကို ယူနိုက်တက်ရဲ့အမြဲတမ်းနည်းပြအဖြစ် မခန့်အပ်သင့်ကြောင်း အခိုင်အမာပြောဆိုလာပြန်တဲ့ ရွိုင်ကိန်း

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားဟောင်း ရွိုင်ကိန်းက အသင်းအနေနဲ့ လက်ရှိယာယီနည်းပြသစ် မိုက်ကယ်ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် မခန့်အပ်သင့်ကြောင်းနဲ့ အသင်းဟာ ကာရစ်ထက်ပိုမိုကောင်းမွန်တဲ့နည်းပြတစ်ဦး လိုအပ်နေကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ ရူဘင်အာမိုရင်ကို ထုတ်ပယ်ပြီးနောက် ဒါရင်းဖလက်ချာကို ယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့ပေမယ့် ရလဒ်ဆိုးတွေနဲ့သာကြုံတွေ့ခဲ့ရတာကြောင့် မကြာသေးမီက ကာရစ်ကို ရာသီကုန်အထိ အသင်းကိုတာဝန်ယူဖို့ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ကာရစ်ရဲ့ဦးဆောင်မှုအောက်မှာတော့ ယူနိုက်တက်ဟာ အကောင်းဆုံးပုံစံပြန်လည်ရရှိနေပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးနဲ့ အာဆင်နယ်တို့ကို အနိုင်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ 

ကာရစ်လက်အောက်မှာ ယူနိုက်တက်ဟာ အတော်လေး အခြေအနေကောင်းနေတာကြောင့် အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ဖို့ အကြံပေးမှုတွေရှိလာပေမယ့် ရွိုင်ကိန်းကတော့ မခန့်အပ်သင့်ကြောင်း ထောက်ပြပြောဆိုလာခဲ့တာဖြစ်ပါတယ်။ 
ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်သင့်သလားလို့ မေးမြန်းခဲ့ရာမှာ ရွိုင်ကိန်းက "ဒါက ရယ်စရာကောင်းတဲ့မေးခွန်းပါ။ ခြေစွမ်းကောင်းကောင်းနဲ့ ၂ ပွဲလောက်အနိုင်ရခဲ့တာ မှန်ပေမယ့် ဘယ်သူမဆို ၂ ပွဲလောက်နိုင်အောင်တော့ ကိုင်တွယ်နိုင်တာပါပဲ။ အရေးကြီးတာက ရာသီကုန်အထိ သူဘာတွေလုပ်ပေးနိုင်မလဲဆိုတာပါ"

"တကယ်လို့ သူ့အနေနဲ့ ယူနိုက်တက်ကို ရာသီကုန်မှာ အဆင့် ၄ နေရာရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ရင်တောင် ဒီရာထူးနဲ့ထိုက်တန်တယ်လို့ ကျွန်တော်မယုံကြည်သေးပါဘူး။ ယူနိုက်တက်က ဒီထက်ပိုပြီး နာမည်ကြီးပြီး ပိုကောင်းတဲ့နည်းပြမျိုးလိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အခုတော့ ရလဒ်တွေကောင်းနေတော့ သူ့အတွက်အခွင့်အရေးရနေတာပေါ့။ သူ့အနေနဲ့ ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ထားနိုင်တာကိုတော့ ကျွန်တော်တို့ အသိအမှတ်ပြုရမှာပါ" လို့ပြောကြားခဲ့ပါတယ်။