The network connection is lost.

Banner Image

ကိုးလ်ပယ်လ်မာရဲ့ဟက်ထရစ်နဲ့ အဝေးကွင်းနိုင်ပွဲရရှိခဲ့တဲ့ ချဲလ်ဆီး

ဝုဗ် ၁-၃ ချဲလ်ဆီး (ပွဲပြီးရလဒ်)

Molineux ကွင်းမှာကစားခဲ့တဲ့ပွဲစဉ်အတွင်း ချဲလ်ဆီးက ရုန်းကန်နေရတဲ့ဝုဗ်ကို အနိုင်ယူကာ အဖိုးတန်သုံးမှတ်အပြည့် စုဆောင်းခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ကိုးလ်ပယ်လ်မာရဲ့ ပယ်နယ်တီနှစ်ဂိုးအပါအဝင် ဟက်ထရစ်ဖြင့် ချဲလ်ဆီးတို့ ပြိုင်ဘက်ကို အပြတ်အသတ်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်စတင်လာရာမှာတော့ အိမ်ရှင်တို့ပြန်လည်ရုန်းထလာခဲ့ပေမယ့် အယိုကိုဒါယီရဲ့ချေပဂိုးတစ်ဂိုးသာရရှိပြီး အိမ်ကွင်းရှုံးပွဲနဲ့ရင်ဆိုင်လိုက်ရပါတယ်။ အခုနိုင်ပွဲနဲ့အတူ ချဲလ်ဆီးက ချန်ပီယံလိဂ်ဝင်ခွင့်ပြေးလမ်းမှာ အမှတ်ပေးဇယားစတုတ္ထနေရာရှိ မန်ချက်စတာယူနိုက်တက်ကို အကောင်းဆုံးဖိအားပေးနေပါတယ်။