The network connection is lost.

Banner Image

ယူနိုက်တက်ကစားသမားတွေ နဲ့ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ကို ဦးတည်ဝေဖန်လိုက်တဲ့ ရွိုင်ကိန်း

ယူနိုက်တက်ဂန္ထဝင်ဟောင်း ရွိုင်ကိန်းက အသင်းရုန်းကန်နေရချိန်မှာ ယူနိုက်တက်စတားတွေ နဲ့ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ကို ဦးတည်ဝေဖန်လိုက်ပါတယ်။ အဲဗာတန်ကို ၂-၂ သရေကျခဲ့တဲ့ပွဲမှာ ယူနိုက်တက်ဟာ ရုန်းကန်ခဲ့ရတာဖြစ်ပြီး ၂ ဂိုးပြတ်အရေးနိမ့်နေပြီးမှ နောက်ကနေ ပြန်လိုက်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ၂-၂ သရေကျခဲ့ပေမယ့် ယူနိုက်တက်ဟာ ပွဲကိုထိန်းချုပ်နိုင်စွမ်းမရှိခဲ့တာ ထင်ဟပ်နေပြီး သရေတစ်မှတ်အတွက် မနည်းရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

သရေရလဒ်အပြီးမှာ အာမိုရင်က အသင်းသားတွေရဲ့အားစိုက်ထုတ်မှုကို ကျေနပ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့နောက် ပွဲအပြီးမှတ်ချက်မှာ ပေါ်တူဂီသားက ပထမပိုင်းစွမ်းဆောင်ရည် နဲ့ အာရုံစူးစိုက်မှုကို မေးခွန်းထုတ်ခဲ့ပါတယ်။ အခုချိန်မှာလည်း ကိန်းက လက်ရှိအသင်းသားတွေ နဲ့ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ကို ဦးတည်ဝေဖန်ခဲ့ပါတယ်။ “သူ(ဖာနန်ဒက်စ်)က ကျွန်တော်တို့ မျှော်လင့်တဲ့အသင်းခေါင်းဆောင်မျိုးမဟုတ်ပါဘူး။ အသင်းကို ပြန်သွားကြည့်လိုက်ရင်လည်း ခေါ်ယူလိုက်တဲ့ကစားသမားတွေက တိုက်ပွဲဝင်ချင်စိတ် နဲ့ အရည်အချင်းတွေက ယူနိုက်တက်မှာကစားဖို့ မကိုက်ညီကြပါဘူး။

အဲဗာတန်ကိုသရေကျခဲ့ပြီးနောက် သူတို့ဆုဖလားရသလိုဖြစ်နေပါတယ်။ အဲ့တာက တကယ့်ကိုယုတ္တိမရှိတာပါ။ ပရိသတ်တွေတောင် မြင်ပါတယ်။ ပွဲတွေမှာ သူတို့ ဘရူနိုအတွက် သီချင်းသီဆိုနေကြပါတယ်။ စနေနေ့က အဲဗာတန်နဲ့ပွဲမှာ ကျွန်တော် သူတို့ကိုကြည့်ဖြစ်ခဲ့ပါတယ်။ လူတွေက နီးစပ်ချင်ယောင်ဆောင်နေတာပါ။ လိဂ်အဆင့် ၁၅ မှာရှိနေပြီး သူက ကျွန်တော်တို့ကို ကယ်တင်နေသလိုထင်မြင်နေကြပါတယ်။ အရည်အချင်းက မလုံလောက်ပါဘူး။ ဘရူနိုက အရည်အချင်းရှိတဲ့ကစားသမားပါ။ ဒါပေမယ့် အရည်အချင်းက မလုံလောက်ပါဘူး”လို့ ကိန်းက ပြောကြားခဲ့ပါတယ်။

ဝေဖန်မှုတွေခံနေရပေမယ့် ဘရူနိုတစ်ယောက် အစ်ဝှစ်တောင်းကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ၃-၂ နဲ့အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ အက်ဖ်အေဖလားပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။