The network connection is lost.

Banner Image

ရော်နယ်ဒို မပါဝင်ချိန်မှာတောင် ဦဆောင်မှုပြနိုင်ခဲ့တဲ့ ပေါ်တူဂီကစားသမားတွေကို ရော်ဘတ်တိုမာတီနက်ဇ် ချီးကျူးဂုဏ်ပြု

ပေါ်တူဂီနည်းပြ ရော်ဘတ်တိုမာတီနက်ဇ်က အာမေးနီးယားကို ၉-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒို မပါဝင်ပေမဲ့ ခေါင်းဆောင်မှုပြသနိုင်ခဲ့တဲ့ ပေါ်တူဂီကစားသမားတွေကို ချီးကျူးခဲ့ပါတယ်။ အိုင်ယာလန်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အနီကတ်ပြသခံခဲ့ရလို့ ရော်နယ်ဒိုမပါဝင်နိုင်ပေမယ့် မာတီနက်ဇ်ရဲ့အသင်းဟာ ရင်သပ်ရှုမောဖွယ် ခြေစွမ်းပြပြီး ၂၀၂၆ ကမ္ဘာ့ဖလားကို တိုက်ရိုက်ဝင်ခွင့်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပေါ်တူဂီရဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံးနိုင်ပွဲဖြစ်ခဲ့ပါတယ်။

မာတီနက်ဇ်က "ကျွန်တော်တို့ ကစားသမားတစ်ဦးချင်းစီအကြောင်း ပြောရင် ရော်နယ်ဒိုအကြောင်းတင် မဟုတ်ပါဘူး၊ လူတိုင်းအကြောင်းပါပဲ။ ကျွန်တော်တို့မှာ နောက်ထပ် ကွင်းထဲက ကစားသမား ၁၀ ယောက်၊ စုစုပေါင်း ၂၅ ယောက်ရှိပါတယ်။ သူတို့အားလုံးက မတူညီတဲ့အရာတွေ ယူဆောင်လာကြပြီး အားလုံးအရေးပါနိုင်ပါတယ်။ ရော်နယ်ဒိုကတော့ အမြဲတမ်း လူထုအမြင်ရဲ့ အကြောင်းအရာတစ်ခုပါပဲ။ သူဂိုးသွင်းတဲ့အခါ သူမရှိရင် ဘာလုပ်ကြမလဲလို့ လူတွေက မေးကြပါတယ်။ မှီခိုနေရတယ်လို့ ပြောကြတယ်။

သူ မကစားတဲ့အခါ၊ ကျွန်တော်တို့နိုင်တဲ့အခါ 'ဘယ်သူက သူ့ကိုလိုလဲ' လို့ ပြောကြတယ်။ လူကြိုက်များတဲ့လမ်းပေါ်က ဆွေးနွေးငြင်းခုံမှုတစ်ခုက တစ်မျိုးဖြစ်ပြီး အဝတ်လဲခန်းထဲက ယှဉ်ပြိုင်မှုက တစ်မျိုးဖြစ်ပါတယ်။ အရေးကြီးတာက ခေါင်းဆောင်မှုရှိဖို့ပါပဲ။ ဘရူနိုဖာနန်ဒက်စ်၊ ရူဘင်ဒီယက်စ်၊ ဘာနာဒိုဆေးလ်ဗားတို့ဟာ အဲဒီမှာ အရမ်းအရေးပါခဲ့ပါတယ်။ခေါင်းဆောင်မှုဆိုတာ ကစားသမားတစ်ဦးတည်းမဟုတ်ပါဘူး၊ အများကြီးပါပဲ။ ကျွန်တော်တို့ ၉ ဂိုးသွင်းနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း အများကြီးရခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အကောင်းဆုံး ဘယ်နောက်ခံလူ [နူနို မန်ဒက်စ်] လည်း မကစားနိုင်ခဲ့ပါဘူး။ နက်တိုက နေးရှင်းလိဂ်ကတည်းက ပွဲတိုင်းကစားခဲ့တာတောင် ဒီပွဲမှာ မပါဝင်ခဲ့ပါဘူး။ ကျွန်တော်တို့မှာ ရွေးချယ်စရာတွေ အများကြီးရှိပြီး အဓိက ကစားသမားတွေ မပါဝင်ဘဲ နိုင်တာက အရေးကြီးပါတယ်"လို့ ပြောခဲ့ပါတယ်။