The network connection is lost.

Banner Image

အသင်း ၃ သင်းထံ သူတို့တိုက်စစ်မှူးကိုခေါ်ယူနိုင်ကြောင်း ချဲလ်ဆီးကမ်းလှမ်းခဲ့

သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူး ဂျက်ဆင်ကိုခေါ်ယူနိုင်ကြောင်း ပရီးမီးယားလိဂ် နဲ့ စီးရီးအေအပါအဝင် အသင်း ၃ သင်းထံ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ပက်ဒရို နဲ့ ဒီလပ်တို့ရောက်လာတာကြောင့် ဂျက်ဆင်အနေနဲ့ လာမယ့်ရာသီသစ်မှာ ပွဲထွက်ခွင့်အတွက် ရုန်းကန်ရနိုင်တာဖြစ်ပါတယ်။ ဆီနီဂေါသားကိုခေါ်ယူနိုင်ကြောင်း ချဲလ်ဆီးက နယူးကာဆယ် ၊ ယူနိုက်တက် နဲ့ အေစီမီလန်တို့ထံ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း တစ်သင်းမှအကြောင်းမပြန်ခဲ့ဘူးလို့ သိရပြီး ကနဦးပေါင်သန်း ၁၀၀ တန်ကြေးသတ်မှတ်ထားပေမယ့် အခု ပေါင်သန်း ၈၀ လောက်ရရင် ရောင်းချဖွယ်ရှိနေပါတယ်။
နယူးကာဆယ် နဲ့ ယူနိုက်တက်တို့ဟာ လက်ရှိမှာ လိုက်ပ်ဇစ်စတား ဆက်စ်ကိုကို ဦးစားပေးချိတ်ဆက်နေကြပါတယ်။ ယူနိုက်တက်ဟာ ဆက်စ်ကိုအပြင် ဂျူဗင်တပ်စ်စတား ဗလာဟိုဗစ်ကိုလည်း ချိတ်ဆက်နေပါတယ်။ ဂျက်ဆင်ဟာ ချဲလ်ဆီးအတွက် ဗီလာရီးရဲလ်ကနေပြောင်းလာပြီးကတည်းက ၈၁ ပွဲမှာ ၃၀ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း နယူးကာဆယ် နဲ့ပွဲက အနီကတ် ၊ ဖလာမင်ဂိုနဲ့ပွဲက အနီကတ်တွေက သူ့ကစားသမားဘ၀ အဆုံးသတ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ချဲလ်ဆီးဟာ ပရီးမီးယာလိဂ်ရာသီသစ်မစခင် လေဗာကူဆင် ၊ အေစီမီလန်တို့နဲ့ ခြေစမ်းမှာဖြစ်ပြီး မာရက်စ်ကာကတော့ ဂျက်ဆင်ကို သူ့စာရင်းထဲမှာ ထည့်ထားဆဲဖြစ်ပေမယ့် ရောင်းချနိုင်ချေလည်းရှိနေပါတယ်။