
ပါဖို့စ်အသင်းရဲ့ဂိုးကို ဘာကြောင့်မတားဆီးနိုင်ခဲ့လဲဆိုတာကို ရှင်းပြလိုက်တဲ့ နူအာ
ပါဖို့စ်အသင်းကို ၅-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အော်ဆစ်ရဲ့ချေပဂိုးတစ်ဂိုးကို ဘာကြောင့်မတားဆီးနိုင်ခဲ့လဲဆိုတာကို ဘိုင်ယန်ဂိုးသမား နူအာက ရှင်းပြလိုက်ပါတယ်။ သတင်းထောက်တွေနဲ့အင်တာဗျူးမှာ နူအာက သူ့အနေနဲ့ အဆိုပါသွင်းဂိုးကိုရပ်တန့်ဖို့ အနည်းငယ်သာလုပ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဘိုင်ယန်ဟာ အဆိုပါပွဲမှာ ပါဖို့စ်အသင်းကို ၅-၁ နဲ့ သက်တောင့်သက်သာအနိုင်ရခဲ့တာဖြစ်ပြီး ပါဖို့စ်အတွက်တော့ သမိုင်းဝင်အခိုက်အတန့်တစ်ခုကို ရှာဖွေနိုင်ခဲ့ပါတယ်။
ခရိုအေးရှားတိုက်စစ်မှူး အော်ဆစ်က မီတာ ၂၀ အကျော်ကနေ နူအာရဲ့ညာဘက်အပေါ်ထောင့်ကို လှလှပပသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ နူအာက အဆိုပါသွင်းဂိုးနဲ့ပတ်သက်ပြီး “မှန်ပါတယ်။ မကာကွယ်နိုင်ခဲ့ပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။ အဲ့နောက် သတင်းထောက်က ကာကွယ်ဖို့အနည်းငယ်ဘာကြောင့်နောက်ကျနေခဲ့တာလဲဆိုတဲ့အပေါ် နူအာက “နိုး။ ခင်ဗျားဂိုးထဲကိုရောက်ဖူးလားဗျ?။ အဲ့တာက ရှက်စရာပါ။ အော်ဆစ်ကန်တာက ဝေ့ဝိုက်ပြီး ကန်သွားခဲ့တာပါ။ တကယ်ဆိုကန်ချက်က ကျွန်တော့်လမ်းကြောင်းထဲဖြစ်ရမှာဖြစ်ပေမယ့် သူ့ရဲ့ကန်ချက်က ဝေ့ကန်ခဲ့တာကြောင့် ကျွန်တော်မမီနိုင်တော့တာပါ။ ခင်ဗျားဘောလုံးကစားဖူးမယ်ဆိုရင် ကျွန်တော်ဘာပြောနေလဲဆိုတာ ခင်ဗျားသိလောက်မှာပါ”လို့ နူအာက နောက်ပြောင်ပြောကြားခဲ့ပါတယ်။
အဆိုပါပွဲမှာ ဘိုင်ယန်အတွက် ဂိုးတွေကို ကိန်း ၊ အိုလစ်ဆီ နဲ့ ဂျက်ဆင်တို့က သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဘိုင်ယန်ဟာ အခုနိုင်ပွဲကြောင့် ၂ ပွဲကစားပြီးချိန်မှာ ဂိုးကွာခြားချက်နဲ့ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ လာမယ့်အပတ်မှာ ဘိုင်ယန်ဟာ ဖရန့်ဖတ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး အဲ့နောက် ချန်ပီယံလိဂ်ပွဲအဖြစ် ဘရုဂျက်အသင်းနဲ့ကစားရမှာဖြစ်ပါတယ်။