The network connection is lost.

Banner Image

ပါဖို့စ်နဲ့ပွဲအပြီး အသင်းဖော်သစ်နဲ့ဆက်ဆံရေးအခြေအနေကို ထုတ်ဖော်ပြောကြားလာတဲ့ ကိန်း

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းက  ပါဖို့စ်အသင်းကိုအနိုင်ရပြီးနောက် အသင်းဖော်သစ် ဂျက်ဆင်နဲ့ဆက်ဆံရေးအခြေအနေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘိုင်ယန်ဟာ အဆိုပါပွဲမှာ ပါဖို့စ်အသင်းကို ၅-၁ နဲ့အနိုင်ရရှိခဲ့ပြီး ကိန်း ၊ ဂွါရဲရိုး ၊ အိုလစ်ဆီ နဲ့ ဂျက်ဆင်တို့က ဂိုးတွေသွင်းယူပေးနိုင်ခဲ့ပါတယ်။

ဘိုင်ယန်ဟာ ပထမပိုင်းမှာတင် ပါဖို့စ်အသင်းကို ၄-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ အဆိုပါသွင်းစံချိန်ဟာ ချန်ပီယံလိဂ်အဝေးကွင်းမှာ ပထမဆုံး ၃၅ မိနစ်အတွင်း ၄ ဂိုးရရှိတဲ့ တတိယအကြိမ်ဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ တုန်းက ရိုးမား နဲ့ တစ်ကြိမ် ၊ ၂၀၂၂ တုန်းက ပလာဇန်အသင်းနဲ့တစ်ကြိမ် အခုလိုမျိုးစံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ကိန်းက အသင်းဖော်သစ် ဂျက်ဆင်နဲ့ဆက်ဆံရေးအခြေအနေကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဘယ်လိုအလုပ်အတူတူလုပ်နိုင်မလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။ “ဒီနေ့မှာ ဂျက်ဆင်က အစကတည်းကစားခဲ့ရပါတယ်။ ကျွန်တော်က နောက်အနည်းငယ်ဆင်းကစားခဲ့ရပြီး နံပတ် ၁၀ နဲ့ ပိုဆင်တူပါတယ်။ သူ၀၀င်လာပြီး ဘောလုံးတွေလက်ခံပါတယ်။ အဲ့တာက ခံစစ်ကစားသမားတွေကို ထိန်းသိမ်းဖို့အတွက် အရေးပါတယ်လို့ ကျွန်တော်ထင်ပါတယ်။

တစ်ပွဲလုံးကို တူညီသလိုမျိုးလုပ်ဆောင်တာမဟုတ်ပါဘူး။ နီကိုက ဒီနေ့ညမှာ အကောင်းဆုံးအနေအထားမှာရှိခဲ့ပါတယ်။ ၁ ဂိုးသွင်း ၊ ၁ ဂိုးဖန်တီးနိုင်ခဲ့သလို နောက်တစ်ဂိုးတောင်ရလုနီးပါးဖြစ်ခဲ့ပါတယ်။ ကျွန်တော် သူ့အတွက် အရမ်းပျော်ပါတယ်။ ကျွန်တော်တို့ သူ့ကိုရာသီအားလုံးအတွက် လိုအပ်ပါတယ်။ သူကြံ့ခိုင်ပြီး လန်းဆန်းနေဖို့ လိုအပ်ပါတယ်။ ဒီနေ့ပွဲက သူ့အတွက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။

ကြည့်ရတာ လွယ်ကူနေသလိုပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ဘယ်လိုအတူတူကစားနိုင်မလဲဆိုတာက  မြင်ခဲ့ရပါတယ်။ ကျွန်တော်တို့ ဒုတိယဘောလုံးတွေကို ဖိအားပေးတာ ၊ ပြိုင်ဘက်တွေကြားထဲမှာ ဖြတ်ကျော်ကစားတာတွေလုပ်နိုင်ခဲ့ပါတယ်။ ဒီလိုအရှိန်အဟုန်ကို ဆက်ထိန်းထားရပါမယ်”လို့ ကိန်းက ပြောကြားခဲ့ပါတယ်။ 

ဂျက်ဆင်က သူကအနေနဲ့ ခက်ခဲတဲ့ကာလတွေပြီးနောက် ထက်မြက်မှု ကို ပြန်လည်တည်ဆောက်နေရဆဲလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ “တိုက်စစ်မှူးတစ်ဦးအတွက် အခုလိုပြန်လာနိုင်ဖို့ဆိုတာက မလွယ်ပါဘူ။ ဒါပေမယ့် ကျွန်တော်တို့ အရမ်းကောင်းတဲ့ပွဲကို ကစားနိုင်ခဲ့ပါတယ်။ သူအသင်းအတွက် ပထမဆုံးဂိုးရခဲ့လို့ ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော်ကြံ့ခိုင်မှုပြည့်အောင်လုပ်ဆောင်နေရဆဲပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်လပေါင်းများစွာမကစားခဲ့ရသလို တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းခဲ့ရတာပါ။ ကျွန်တော် နေ့တိုင်း အလုပ်ကြိုးစားနေပါတယ်”လို့ ဂျက်ဆင်က ပြောကြားခဲ့ပါတယ်။

ဘိုင်ယန်ဟာ ဒီရာသီတိုက်စစ်က ခြေစွမ်းပြနေတာဖြစ်ပြီး ၉ ပွဲကစားပြီးချိန်မှာ ၉ ပွဲစလုံးအနိုင်ရရှိထားခဲ့ပါတယ်။ အခုချိန်မှာတော့ ဘိုင်ယန်ဟာ လာမယ့်စနေနေ့မှာ ပွဲကျပ်အဖြစ် ဖရန့်ဖတ်အသင်းနဲ့ကစားရမှာဖြစ်ပါတယ်။ လာမယ့်အောက်တိုဘာနိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် ကွန်ပနီက နိုင်ပွဲဆက်လက်ထိန်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။