အက်စ်ပန်ညိုနဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေကြောင်း ပြောကြားလာတဲ့ ပီဒရီ
ဒဏ်ရာပြဿနာကြောင့် နားယူနေခဲ့ရတဲ့ ဘာစီလိုနာကွင်းလယ်ကြယ်ပွင့် ပီဒရီက သူဟာ အက်စ်ပန်ညိုနဲ့ယှဉ်ပြိုင်သွားရမယ့် လာလီဂါပွဲစဉ်မှာ ပြန်လည်ပါဝင်ဖို့အတွက် အဆင်သင့်ဖြစ်နေကြောင်း ပြောကြားလာခဲ့ပါတယ်။ ရာသီဝက်ကာလမှာ အနားယူပြီးနောက် ယခုအခါ ဘာစီလိုနာကစားသမားတွေဟာ ပုံမှန်အတိုင်း လေ့ကျင့်ရေးအစီအစဉ်တွေပြန်လည်ပြုလုပ်နေကြပြီဖြစ်ပြီး ပီဒရီကလည်း အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ရေးကွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
စပိန်လက်ရွေးစင်ဟာ ခရစ္စမတ်ကာလမတိုင်မီ ဗီလာရီးရဲလ်ကိုအနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရပေမယ့် လာမယ့် ဇန်နဝါရီလ ၃ ရက်နေ့ အက်စ်ပန်ညိုနဲ့ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေကြောင်းပြောကြားလာခဲ့ပါတယ်။ပ
ပီဒရီက "ကျွန်တော် ကောင်းနေပါပြီ။ ကစားဖို့အဆင်သင့်ပါပဲ။ ပြန်ကစားရမှာဖြစ်လို့ ပျော်ပါတယ်။ လေ့ကျင့်ရေးပြန်ဆင်းချင်နေတာလည်း ကြာပါပြီ" လို့ပြောကြားခဲ့ပါတယ်။ ပရိသတ်တွေနဲ့ပြန်တွေ့ရလို့ ဝမ်းသာကြောင်းကိုလည်း ကွင်းလယ်လူက "ပရိသတ်တွေရဲ့အားပေးမှုကိုမြင်တွေ့ရတာအမြဲတမ်း ဝမ်းသာပါတယ်။ ဒီနေ့ဆိုရင် ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်ပါ"
"အက်စ်ပန်ညိုနဲ့ပွဲက လွယ်ကူမှာမဟုတ်ပါဘူး။ ရလဒ်ကောင်းရရှိဖို့ မျှော်လင့်ထားပါတယ်။ အမြဲတမ်းအနိုင်ရဖို့ကြိုးစားနေမှာပါ" လို့ပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ပီဒရီရဲ့အသင်းဖော်မက်ဘာနယ်ကလည်း ဒုတိယရာသီဝက်မှာ အကောင်းဆုံးပုံစံတွေဆက်လက်ပြသဖို့ ရည်ရွယ်ထားကြောင်း ပြောကြားလာခဲ့ပါတယ်။ ဘာနယ်က "ဒီအပတ်က အနားယူဖို့နဲ့ အားပြန်ဖြည့်ဖို့ အသုံးချရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့အနားမယူဘဲ ဆက်ကြိုးစားနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အက်စ်ပန်ညိုနဲ့ပွဲက အရမ်းအရေးကြီးလို့ပါ။ ဒီပွဲပြီးရင် စပိန်စူပါဖလားပွဲကစားရပါဦး။ အဲဒီပွဲအတွက်လည်း ရင်ခုန်နေပါတယ်" လို့ပြောကြားခဲ့ပါတယ်။