The network connection is lost.

Banner Image

ဒီရာသီပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကစားသမား ၅ ဦးနာမည်ကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ရွန်းနီ

ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက ဒီရာသီပရီးမီးယားလိဂ်ရဲ့ထိပ်တန်းကစားသမား ၅ ဦးနာမည်ကို ထုတ်ဖော်ပြောကြားလိုက်ပြီး အဲ့ထဲမှာ ဖာနန်ဒက်စ် နဲ့ ပယ်လ်မာတို့ပါဝင်နေပါတယ်။ ဖာနန်ဒက်စ်ဟာ ဒီရာသီယူနိုက်တက်အသင်းရလဒ်တွေဆိုးဝါးနေပေမယ့် စွမ်းဆောင်ရည်ကောင်းတွေပြသနေတာဖြစ်ပါတယ်။

ပေါ်တူဂီသားဟာ ဒီရာသီအသင်းအတွက် ၁၇ ဂိုးသွင်း ၊ ၁၅ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ပယ်လ်မာကတော့ ချဲလ်ဆီးအတွက် ၁၄ ဂိုးသွင်း ၊ ၈ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ အင်္ဂလန်သားဟာ ဒီရာသီပရီးမီးယားလိဂ်ပထမရာသီဝက်မှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်တဲ့ကစားသမားတစ်ဦးဖြစ်ပေမယ့် ခရစ္စမတ်နောက်ပိုင်းမှာ ခြေစွမ်းကျဆင်းလာခဲ့ပါတယ်။ ရွန်းနီရွေးချယ်တဲ့ကစားသမား ၅ ဦးထဲမှာ ဖာနန်ဒက်စ် ၊ ပယ်လ်မာအပြင် ဆာလက် ၊ အီဆက် ၊ ဂစ်ဝှိုက်တို့လည်း ပါဝင်နေပါတယ်။

ဂစ်ဝှိုက်ကလည်း နော်တင်ဟမ်အသင်းချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးအတွက် ကူညီပေးနေတာဖြစ်ပြီး အင်္ဂလန်အသင်းမှာပါ ပြန်လည်ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပါတယ်။ အီဆက်ကလည်း နယူးကာဆယ်အသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ပြီးခဲ့တဲ့လက ကာရာဘောင်ဖလားရယူနိုင်ခဲ့ပါတယ်။ ဆာလက်ကတော့ လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ် ၃၃ ပွဲမှာ ၂၇ ဂိုးသွင်း ၊ ၁၈ ဂိုးဖန်တီးထားနိုင်ခဲ့သလို ဒီရာသီချန်ပီယံဆုလည်းရယူနိုင်တော့မှာဖြစ်ပါတယ်။

အင်တာဗျူးတစ်ခုမှာ ရွန်းနီက “အဆင့် ၅ နေရာမှာ ကျွန်တော် ဖာနန်ဒက်စ်ကို ရွေးချယ်ချင်ပါတယ်။ ယေဘုယျအားဖြင့် ယူနိုက်တက်က ရာသီကောင်းတစ်ခုမရှိခဲ့ပေမယ့် သူက တည်ငြိမ်တဲ့စွမ်းဆောင်ရည်ပြသထားနိုင်ခဲ့ပါတယ်။ အဆင့် ၄ နေရာမှာတော့ ကျွန်တော် မော်ဂန်ကို ရွေးချယ်ချင်ပါတယ်။ သူကလည်း နော်တင်ဟမ်နဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပြီး ဂိုးတွေကော ဂိုးဖန်တီးမှုတွေပါ ပြုလုပ်ပေးထားနိုင်ပါတယ်။ အဆင့် ၃ နေရာမှာတော့ ကျွန်တော် ပယ်လ်မာကို ရွေးချယ်ချင်ပါတယ်။ ရာသီအစတုန်းက သူဂိုးအများဆုံးမသွင်းနိုင်ပေမယ့် ဒီရာသီချဲလ်ဆီးအတွက် သူအများကြီးအကျိုးပြုထားခဲ့ပါတယ်။ ဒုတိယနေရာမှာတော့ အီဆက်ကို ရွေးချယ်ချင်ပါတယ်။ သူက နယူးကာဆယ်ကိုအများကြီးထမ်းတင်ထားသလို ကာရာဘောင်ဖိုင်နယ်မှာလည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။အဆင့် ၁ နေရာမှာတော့ ဆာလက်နဲ့ထိုက်တန်ပါတယ်။ သူက ဒီရာသီလီဗာပူးအသင်းအတွက် အများကြီးစွမ်းဆောင်ပေးထားသလို ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ရေးမှာ အဓိကနေရာက ပါဝင်ခဲ့ပါတယ်”လို့ ရွန်းနီက ဖြေကြားခဲ့ပါတယ်။