The network connection is lost.

Banner Image

ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာအခြေအနေနောက်ဆက်တွဲကို ထုတ်ပြလာတဲ့ ဂစ်ဝှိုက်

နော်တင်ဟမ်ဖောရက်စ်ကြယ်ပွင့်မော်ဂန်ဂစ်ဝှိုက်က ချယ်လ်ဆီးနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာရဲ့ နောက်ဆက်တွဲအမာရွတ်ကို ပရိသတ်တွေသိရှိအောင် ထုတ်ဖော်ပြသခဲ့ပါတယ်။

တနင်္လာနေ့ပွဲစဉ်မှာ ဂစ်ဝှိုက်နဲ့ ဆန်းချက်ဇ်တို့ ခေါင်းချင်းယှဉ်တိုက်မိခဲ့ကြပြီး နှစ်ဦးလုံး ကွင်းတွင်းမှာ ချက်ချင်း လဲကျသွားခဲ့ပါတယ်။

နော်တင်ဟမ်ဖောရက်စ်ကစားသမားက ဒဏ်ရာအခြေအနေပြင်းထန်လို့ ပွဲချိန် ၆၆ မိနစ်မှာတင် ခရစ်ဝုဒ်နဲ့ လူစားလဲလှယ်ခဲ့ရပြီး အသင်းဝန်ထမ်းတွေရဲ့အကူအညီနဲ့အတူ ကွင်းတွင်းမှ ထွက်ခွာသွားခဲ့ရပါတယ်။

အခုဒဏ်ရာကြောင့် အက်စတွန်ဗီလာနဲ့ ရင်ဆိုင်ရာမယ့် ကြာသပတေးနေ့၊ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ ဂစ်ဝှိုက်ပါဝင်ကစားနိုင်ဖို့ မရေမရာဖြစ်လာပါတယ်။ ဒီပွဲစဉ်က အခုဘောလုံးရာသီ၊ နော်တင်ဟမ်ဖောရက်စ်အသင်းအတွက် အရေးအကြီးဆုံးပွဲစဉ်လည်း ဖြစ်ပါတယ်။

ပွဲစဉ်အပြီး လူမှုကွန်ရက်မှတဆင့် ဂစ်ဝှိုက်က လက်မထောင်နေတဲ့ဓါတ်ပုံတစ်ခုနဲ့အတူ သူ့ရဲ့ဒဏ်ရာကို ပြသခဲ့ပြီး "ဆုတောင်းစကားတွေအတွက် ကျေးဇူးတင်ပါတယ်၊ တကယ့်ကို ကောင်းမွန်တဲ့ နိုင်ပွဲပါပဲ၊ အဝိုနီယီရေ... ဂုဏ်ယူပါတယ်" လို့ စာရေးသားခဲ့ပါတယ်။

လတ်တလောမှာ နော်တင်ဟမ်ဖောရက်စ်အသင်းက တန်းဆင်းဇုန်တိုက်ပွဲပြိုင်ဘက်တွေဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ တော့တင်ဟမ်တို့ထက် ခြောက်မှတ်အသာရနေလို့ ဖိအားတွေ လျော့ပါးလာပါတယ်။