
အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အရိပ်အမြွက်ပြောကြားလာတဲ့ တော့တင်ဟမ်စတား
နေရာအသစ်ရှာဖွေနေတယ်လို့ပြောကြားခဲ့ပြီးနောက် တော့တင်ဟမ်နောက်ခံလူ ရိုမဲရိုးက အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။ အသက် ၂၆ နှစ်သားကို ပြီးခဲ့တဲ့အပြောင်းအရွှေ့တွေတုန်းက ရီးရဲလ်မက်ဒရစ် နဲ့ တီကိုအသင်းတွေက ချိတ်ဆက်ခဲ့သေးတာဖြစ်ပါတယ်။ အခုချိန်မှာလည်း အာဂျင်တိုင်းသားဟာ နွေရာသီမှာ တော့တင်ဟမ်ကနေထွက်ခွာနိုင်တယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။
“ကျွန်တော်တို့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်ထားနိုင်ပါတယ်။ ဒီရာသီကို အမြင့်ဆုံးအခြေအနေတစ်ခုနဲ့ အပြီးသတ်ချင်ပါတယ်။ အဲ့တာပြီးရင်တော့ ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်ရပါမယ်။ ကျွန်တော့်ဘက်ကတော့ နေရာအသစ်မှာ အမြဲတမ်းတိုးတက်ချင်တဲ့ကစားသမားမျိုးပါ”လို့ ရိုမဲရိုးက ပြောကြားခဲ့ပါတယ်။
ရိုမဲရိုးဟာ ၂၀၂၁ တုန်းက အတ္တလန္တာကနေ ပေါင် ၄၂ သန်းနဲ့ တော့တင်ဟမ်အသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အဲ့ကတည်းက ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးနောက်ခံလူတွေထဲကတစ်ဦးအဖြစ် တိုးတက်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုနောက်ပိုင်းမှာ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်လာခဲ့ရပြီး တော့တင်ဟမ်ကနေထွက်ခွာဖို့ စဉ်းစားလာခဲ့တာဖြစ်ပါတယ်။ အာဂျင်တိုင်းသားကတော့ လက်ရှိရာသီအသင်းနဲ့အတူ ယူရိုပါလိဂ်အောင်မြင်မှုရယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး ဆီမီးဖိုင်နယ်မှာ ဘိုဒိုအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။