ဖောရက်စ်ကွင်းလယ်လူအီလီယော့အန်ဒါဆန်ကို ခေါ်ယူနိုင်ရေးပြိုင်ပွဲမှာ သရဲနီတွေနဲ့အတူ ပါဝင်လာတဲ့ ချဲလ်ဆီး
နော်တင်ဟမ်ဖောရက်စ်ကွင်းလယ်ကစားသမားအီလီယော့အန်ဒါဆန်ကို ခေါ်ယူနိုင်ရေးပြိုင်ပွဲမှာ ပရီးမီးယားလိဂ်ပြိုင်ဘက်မန်ချက်စတာယူနိုက်တက်နဲ့အတူ ချဲလ်ဆီးလည်း ပါဝင်လာတယ်လို့ သတင်းတွေအရ သိရပါတယ်။ ပြီးခဲ့တဲ့နွေရာသီ၊ နယူးကာဆယ်မှ နော်တင်ဟမ်ဖောရက်စ်ဆီ ရောက်ရှိလာပြီးနောက် အသက်-၂၃ နှစ်အရွယ်ကစားသမားက ကလပ်အသင်းသစ်မှာ အထူးခြေစွမ်းပြလာခဲ့သလို သောမတ်စ်တူချယ်လက်အောက် အင်္ဂလန်လက်ရွေးစင်အသင်းလည်း ပုံမှန်ပွဲထွက်ကစားသမား ဖြစ်လာခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်က အန်ဒါဆန်ကိုခေါ်ယူဖို့ အပြင်းအထန်ချိတ်ဆက်ခဲ့ဖူးပြီး အာမိုရင်ကိုယ်တိုင်လည်း သူ့အသင်းရဲ့ကွင်းလယ်ပိုင်းမှာ အရည်အသွေးအသစ်တွေ ထည့်သွင်းနိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။ လတ်တလောမှာတော့ ချဲလ်ဆီးကလည်း ယူနိုက်တက်ကိုကျော်ဖြတ်ကာ အရည်အသွေးမြင့်ကွင်းလယ်လူကို ခေါ်ယူနိုင်ဖို့ အဆင်သင့်ဖြစ်လာနေတယ်လို့ Caught Offside ရဲ့အဆိုအရ သိရပါတယ်။
အန်ဒါဆန်ကိုခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ကလပ်အသင်းတိုင်း မြင့်မားတဲ့ပြောင်းရွှေ့ကြေးနှုန်းထားတစ်ရပ် ပေးချေရမယ်လို့ သိရပါတယ်။ နော်တင်ဟမ်ဖောရက်စ်က သူတို့ရဲ့ကွင်းလယ်ကြယ်ပွင့်ကို ပေါင်သန်း ၁၀၀ နဲ့အထက် တန်ကြေးသတ်မှတ်ထားပါတယ်။