
အသင်းဟောင်း ဘာစီလိုနာနဲ့ပွဲမှာ ဘာကြောင့်အောင်ပွဲခံခဲ့လဲဆိုတာကို ဆီဗီလာစတား ရှင်းပြ
ဆီဗီလာစတား ဆန်းချက်ဇ်က သူ့အနေနဲ့ ဘာစီလိုနာကိုအနိုင်ရတဲ့ပွဲမှာ ဘာကြောင့်အောင်ပွဲခံရလဲဆိုတာကို ရှင်းပြလိုက်ပါတယ်။ ဘာကာယူနီဗာဆယ်သတင်းဌာနရဲ့အဆိုအရ ဘာစီလိုနာကို ၄-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ဘာကြောင့်အောင်ပွဲခံခဲ့လဲဆိုတာကို ရှင်းပြလိုက်ကာ ခံစားချက်တွေက အခုလိုဖြစ်လာစေခဲ့တာလို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ချီလီသားဟာ ယခင်တုန်းက အသင်းဟောင်း ဘာစီလိုနာနဲ့တွေ့ခဲ့လို့ ဂိုးသွင်းနိုင်ခဲ့ရင် အောင်ပွဲခံမှာမဟုတ်ဘူးလို့ ပြောာကားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အခုချိန်မှာတော့ ပင်နယ်တီကနေ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အဆိုပါကတိကိုချိုးဖျက်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးအင်တာဗျူးမှာ ဆန်းချက်ဇ်က အသင်းဟောင်းနဲ့ပွဲမှာအောင်ပွဲခံခဲ့တာနဲ့ပတ်သက်ပြီး “ကျွန်တော် အောင်ပွဲမခံဘူးလို့ အစကပြောခဲ့ပါတယ်။ ဒါပေမယ့် တစ်ချို့အချိန်တွေမှာ စိတ်လှုပ်ရှားမှုတွေက နှိုးဆော်တတ်ပါတယ်။ အဲ့တာကပဲ ကျွန်တော့်ကို အခုလိုဖြစ်စေခဲ့တာပါ။
အမှန်တကယ်မှာတော့ ကျွန်တော် ဘာစီလိုနာကို ချစ်မြတ်နိုးဆဲပါ”လို့ ဖြေကြားခဲ့ပါတယ်။ ဆီဗီလာအတွက် ပင်နယ်တီဟာ VAR ပြန်ကြည့်ပြီးနောက်မှာမှ ပေးခဲ့တာဖြစ်ပြီး ဘာစီလိုနာနောက်ခံလူ အာရူဂျိုက ဆီဗီလာစတား ရိုမဲရိုးကို ပင်နယ်တီဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ ဆီဗီလာကိုအရေးနိမ့်ခဲ့တာကြောင့် ဘာစီလိုနာဟာ ဘာစီလိုနာဟာ ရီးရဲလ်ရဲ့ကျော်တက်ခြင်းခံခဲ့ရပါတယ်။ ဖလစ်ရဲ့အသင်းဟာ ရက်ရှ်ဖို့ဒ်ရဲ့ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပေမယ့် စွမ်းဆောင်ရည်ဆိုးဝါးခဲ့ပြီး ပြိုင်ဘက်ဆီဗီလာထက် ကန်ချက်ပိုရခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှုက ၃၉%သာရှိခဲ့ပါတယ်။
နိုင်ငံတကာရက်သတ္တပတ်မှာလာခဲ့ပြီဖြစ်တာကြောင့် ဘာစီလိုနာဟာ နားရက်ရမှာဖြစ်ပြီး အမှတ်ပေးဇယားမှာတော့ ရီးရဲလ်နောက် ဒုတိယနေရာမှာ ၃ မှတ်အကွာနဲ့ရပ်တည်နေပါတယ်။ ဆီဗီလာအနေနဲ့တော့ အခုနိုင်ပွဲကြောင့် အဆင့် ၆ နေရာအထိ တက်ရောက်လာနိုင်ခဲ့ကာ ၂ သင်းစလုံး ၂ ပတ်လောက်နားရမှာဖြစ်ပါတယ်။