အဝေးကွင်းမှာ သရေတစ်မှတ်သာရှာဖွေနိုင်ခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်
စတန်ဂရက်ဇ် ဝ-၀ နော်တင်ဟမ်ဖောရက်စ် (ပွဲပြီးရလဒ်)
သြစတြီးယားမြေမှာကစားတဲ့ အခုပွဲစဉ်အတွင်း ပရီးမီးယားလိဂ်ကလပ်နော်တင်ဟမ်ဖောရက်စ်က အဖက်ဖက်မှအသာစီးရယူနိုင်ခဲ့ပေမဲ့ အဆုံးသတ်ပိုင်းအားနည်းမှုနဲ့အတူ အဖိုးတန်ရမှတ်တွေ ခွဲဝေပေးလိုက်ရပါတယ်။ အထူးသဖြင့် ပထမပိုင်းပွဲချိန်အတွင်းရရှိခဲ့တဲ့ ပယ်နယ်တီအခွင့်အရေးကို ဂစ်ဝှိုက်စ်အသုံးမချနိုင်ခဲ့လို့ ရှောင်ဒိုက်ရဲ့အသင်းအတွက် အတော်လေးနစ်နာသွားခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ နော်တင်ဟမ်ဖောရက်စ်က ၁၆-သင်းရှုံးထွက်အဆင့်ဆီ တိုက်ရိုက်တက်လှမ်းနိုင်ဖို့အတွက် အပြင်းအထန်ကြိုးစားသွားရပါတော့မယ်။