The network connection is lost.

Banner Image

ဂါနာချိုရဲ့အပြောင်းအရွှေ့မှာ ချဲလ်ဆီးက လာဗီယာကို အလိုက်ပေးကမ်းလှမ်းခဲ့ပေမယ့် ငြင်းပယ်ခဲ့တဲ့ ယူနိုက်တက်

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေကာလအတွင်း ချဲလ်ဆီးဟာ မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုကိုခေါ်ယူနိုင်ရေးအတွက် အပြောင်းအရွှေ့သဘောတူညီမှုထဲမှာ အသင်းရဲ့ကွင်းလယ်လူ ရိုမီရိုလာဗီယာကို ထည့်သွင်းပြီး အလိုက်ပေးကမ်းလှမ်းခဲ့ပေမယ့် ယူနိုက်တက်ကတော့ ကစားသမားကိုခေါ်ယူဖို့ ငြင်းပယ်ခဲ့ပါတယ်။ လာဗီယာဟာ ချဲလ်ဆီးသို့ နည်းပြမော်ရီစီယိုပိုချက်တီနိုကိုင်တွယ်နေစဉ် ၂၀၂၃ ခုနှစ်မှာ ဆောက်သမ်တန်မှ ပေါင် ၅၃ သန်းစတင်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဒဏ်ရာပြဿနာတွေရဲ့ နှိပ်စက်မှုကြောင့် ရာသီတိုင်းမှာ ရုန်းကန်နေခဲ့ရပါတယ်။ 

အသက်-၂၁ နှစ်အရွယ်ကစားသမားဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာနေထိုင်ခဲ့တဲ့ ၂ ရာခွဲကြာ ကာလအတွင်း စုစုပေါင်း ၂၉ ပွဲသာကစားခဲ့ရပြီး ၈၈ ပွဲအထိ လွဲချော်ထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နွေရာသီမှာ ချဲလ်ဆီးက လာဗီယာကိုရောင်းချဖို့ဆန္ဒရှိခဲ့ပြီး ဂါနာချိုကိုခေါ်ယူရေးမှာ အသုံးချနိုင်ဖို့ကြိုးစားခဲ့ပါတယ်။ 

ESPN သတင်းဌာနရဲ့အဆိုအရ ချဲလ်ဆီးအနေနဲ့ ဂါနာချိုကိုခေါ်ယူပြီး ယူနိုက်တက်ထံ လာဗီယာကိုအလိုက်ပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ယူနိုက်တက်က ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာကြောင့် အာဂျင်တီးနားသားကို ပေါင်သန်း ၄၀ အထိပေးချေပြီး ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။ ဒဏ်ရာကြောင့် ရုန်းကန်နေခဲ့ရတဲ့လာဗီယာဟာ ချဲလ်ဆီးကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ ၁ ပွဲသာပါဝင်ကစားခွင့်ရခဲ့သလို၊ ပြီးခဲ့တဲ့ရာသီကလည်း ၁၆ ပွဲသာကစားခဲ့ရတာြဖစ်ပါတယ်။ 

၂၀၂၃ ခုနှစ်အတွင်းမှာ လာဗီယာဟာ လီဗာပူးထံမှလည်း ကမ်းလှမ်းမှု ကိုလက်ခံရရှိခဲ့ပေမယ့် ချဲလ်ဆီးသို့သာပြောင်းရွှေ့ဖို့ရွေးချယ်ခဲ့တာကြောင့် လီဗာပူးအတွက် ကံကောင်းခဲ့တယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။ ယခုရာသီမှာ အိုးလ်ထရက်ဖို့ဒ်မှ ချဲလ်ဆီးသို့စတင်ပြောင်းရွှေ့ခဲ့တဲ့ ဂါနာချိုဟာ ရာသီအစက ၆ ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပေမယ့် ကွာရာဘတ်ကို ၂-၂ နဲ့သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ စတင်ဂိုးသွင်းနိုင်ခဲ့ပြီး နောက်ပိုင်းမှာ ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်လာနိုင်ခဲ့ပါတယ်။

ယူနိုက်တက်ကြယ်ပွင့်ဟောင်းဟာ ချဲလ်ဆီးရဲ့နောက်ဆုံးပရီးမီးယားလိဂ် ၅ ပွဲဆက်တိုက် ပွဲထွက်ပါဝင်ခွင့်ရခဲ့ပြီး နိုင်ငံတကာပွဲစဉ်တွေမစတင်မီ ဝုဗ်ကိုအနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးဖန်တီးမှု ၂ ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ လာမယ့်စနေနေ့မှာတော့ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘန်လေကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဂါနာချိုတစ်ယောက် အသင်းကိုဆက်လက်ကူညီပေးနိုင်မလား စောင့်ကြည့်ရပါမယ်။