The network connection is lost.

Banner Image

ဗီလာပတ်ခ်မှာ နိုင်ပွဲဆက်ခဲ့တဲ့ အက်စတွန်ဗီလာ

အက်စတွန်ဗီလာ ၂-၁ ယန်းဘွိုင်းစ် (ပွဲပြီးရလဒ်)

အခုပွဲစဉ်အတွင်း ပုံစံကောင်းရရှိနေတဲ့ အူနိုင်းအမ်မရီရဲ့အသင်းက ပြိုင်ဘက်ကို အကောင်းဆုံးထိန်းချုပ်ကစားကာ ဥရောပအဆင့်နိုင်ပွဲတစ်ခုကို ပုံဖော်သွားခဲ့ပါတယ်။ အိမ်ရှင်တွေအတွက် တိုက်စစ်ပိုင်းမှာပွဲထွက်လာတဲ့ မာလန်က အကောင်းဆုံးခြေစွမ်းပြကစားသွားခဲ့ပြီး ပထမပိုင်းပွဲချိန်မပြီးဆုံးခင် အဖိုးတန်သွင်းဂိုးနှစ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာလည်း နှစ်ဖက်အသင်းကစားသမားတွေရဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားမှုကို မြင်တွေ့ခဲ့ရပြီး သာမန်ပွဲကစားချိန်ပြီးဆုံးခါနီးမှာ မွန်တိုင်ရိုက ယန်းဘွိုင်းစ်အတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အက်စတွန်ဗီလာရဲ့ယူရိုပါလိဂ် ၁၆-သင်းရှုံးထွက်အဆင့်တိုက်ရိုက်တက်လှမ်းနိုင်ရေးမျှော်လင့်ချက် အားကောင်းလာခဲ့ပါတယ်။