The network connection is lost.

Banner Image

လက်စ်ပါးမားစ်နဲ့ ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်အသင်း အတွက် ကစားပေးနိုင်ဖွယ်ရှိနေတဲ့ ဗင်နီစီးယက်စ်

ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ လာလီဂါချန်ပီယံဆုကို စိန်ခေါ်နိုင်ရေးအတွက် အားစိုက်လုပ်ဆောင် နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ရွှေဘောလုံးဆုရှင် ဘန်းဇီးမားကို ‌ရောင်းချလိုက်ရတာကြောင့် တိုက်စစ်ပိုင်း အားနည်း နေချိန် ဗင်နီစီးယက်စ်ကပါ ဆဲလ်တာဗီဂိုနဲ့ ပွဲတွင် ဒဏ်ရာ ရခဲ့တာဖြစ်ပြီး ရှေ့လာမယ့် လက်စ်ပါးမားစ်နဲ့ ကစားမယ့် လာလီဂါပွဲစဉ်တွင် မက်ဒရစ်ကလပ်အတွက် ပါဝင်ကစားပေးလာနိုင်တာပဲ ဖြစ်ပါတယ်။

ဘယ်လင်ဂမ်အပါအဝင် အရည်သွေးမြင့် ကစားသမားအချို့ကို အားဖြည့်က ပုံစံကောင်းဖြင့် ချီတက်ရန် နည်းပြ အန်ဆယ်လော့တီအနေဖြင့် ပြင်ဆင်ထားခဲ့ပေမဲ့ ဘာနေဗျူးအခြေစိုက်ကလပ်ရဲ့ ရာသီအစ ခရီးလမ်းက ကြမ်းတမ်းခဲ့ပြီး ရာသီမစတင်မီမှာ ကော်တိုရစ် ဒဏ်ရာရခဲ့သလို အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဘီလ်ဘာအိုအသင်းနဲ့ပွဲစဉ်မှာလည်း အဓိက အားထားရတဲ့ နောက်တန်းဗဟိုကစားသမား မီလီတာအို ဒဏ်ရာခဲ့ထပ်မံရခဲ့တာလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဘက်က ဗင်နီစီးယက်စ်ရဲ့ ဒဏ်ရာအခြေအနေက ရက်သတ္တပတ် ၆ပတ်ခန့် အနားယူရနိုင်ပြီး အိုဆာဆူနာအသင်းနဲ့ ကစားရမယ့် လာလီဂါပွဲစဉ်တွင် ပွဲထွက်ကစားသမားအဖြစ် မြင်တွေ့ရနိုင်ကြောင်း ကြိုတင်တွက်ဆထားပေမဲ့ စောစီးစွာသက်သာလာတာကြောင့် လာမယ့် လက်စ်ပါးမားနဲ့ ပွဲစဉ်အမီ ပါဝင်ကစားပေနိုင်ဖွယ်ရှိနေတာလည်း ဖြစ်ပါတယ်။

နည်းပြ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်အသင်းအနေဖြင့် ရာသီအစမှာ ကစားသမားတွေရဲ့ ဒဏ်ရာရရှိမှုတွေကြုံတွေ့နေရပေမဲ့ ဘယ်လင်ဂမ်ရဲ့‌ ခြေစွမ်းပြမှုနဲ့အတူ ရလဒ်ပိုင်း ကောင်းမွန်နေပြီး ၆ ပွဲကစားပြီးချိန်တွင် ရမှတ် ၁၅ မှတ်အထိရရှိကာ အဆင့် ၃ နေရာတွင် ရပ်တည်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဗင်နီစီးယက်စ်သာ‌ ရှေ့လာမယ့် လက်စ်ပါးမားနဲ့ ကစားရမယ့် ပွဲစဉ်တွင် ပါဝင်ကစားနိုင်ပါက ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ လာလီဂါ နိုင်ပွဲ ၁၀၀ ပြည့်မြောက်ရန် အခွင့်အရေး ရလာနိုင်တာပဲ ဖြစ်ပါတယ်။