The network connection is lost.

Banner Image

ဘော်လွန်းဒီအော်ဆုနဲ့ပတ်သက်ပြီး တပည့်ဖြစ်သူကို ထောက်ခံလိုက်တဲ့ ဖလစ်

ဘာစီလိုနာနည်းပြ ဖလစ်က လူငယ်တောင်ပံကစားသမား ယာမဲလ်ဟာ တစ်နေ့မှာ ဘော်လွန်းဒီအော်ဆုရနိုင်တယ်လို့ ထောက်ခံလိုက်ပြီး တနင်္လာနေ့မှာကျင်းပမယ့် အခုနှစ်ဘော်လွန်းဒီအော်ဆုစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

အသက် ၁၈ နှစ်သားဟာ အခုနှစ်ဘော်လွန်းဒီအော်ဆုကို ပီအက်စ်ဂျီစတား ဒမ်ဘီလီနည်းတူ ရေပန်းစားနေတဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

“တစ်နေ့မှာ ကျွန်တော်တို့အဲ့တာကို မြင်ရနိုင်ပါတယ်။ ယာမဲလ်က ဒီဆုကိုရယူနိုင်ပါလိမ့်မယ်”လို့ ဖလစ်က ပြောကြားခဲ့ပါတယ်။ ယာမဲလ်နည်းတူ အခြားဘာစီလိုနာအသင်းဖော်တွေဖြစ်တဲ့ ရာဖင်ဟာ ၊ လီဝန်ဒေါစကီး ၊ ပီဒရီတို့လည်း ဆုစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

အမျိုးသမီးဆုစာရင်းမှာလည်း ဘာစီလိုနာစတား ၆ ဦးအထိ ပါဝင်လာခဲ့သလို အကောင်းဆုံးနည်းပြဆုအတွက် ဖလစ်က ဖလား ၃ လုံးချန်ပီယံဆုဖြစ်ခဲ့တာကြောင့် ပါဝင်လာခဲ့ပါတယ်။
ဖလစ်ဟာ ဘာစီလိုနာစတားတွေနဲ့အတူ ပြင်သစ်မြေကိုသွားရောက်မှာဖြစ်ပြီး မနှစ်ကတုန်းက ရီးရဲလ်အသင်းဟာ ဗင်နီကို မန်စီးတီးစတား ရိုဒရီက ကျော်ဖြတ်ပြီး ဆုရမယ်လို့ ထွက်ပေါ်လာခဲ့ပြီးနောက် အဆိုပါဆုပေးပွဲကို တက်ရောက်ဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်အတွက်တော့ ဒီနေရာကိုလာတာဟာ လေးစားတာကြောင့်ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့လည်း လျာထားစာရင်းမှာပါဝင်ပါတယ်။ လူတိုင်းက ဒီဆုဖလားကို လိုချင်ကြပါတယ်။  ကျွန်တော်လည်း အဲ့တာကိုနှစ်သက်ပါတယ်။ ပြီးတော့ အနိုင်ရတဲ့သူကို လေးစားမှုပြသချင်ပါတယ်။ ဒါပါပဲ။ ကျွန်တော့်အတွက် အဲ့တာက အရေးပါပါတယ်”လို့ ဖလစ်က ပြောကြားခဲ့ပါတယ်။

ယာမဲလ်ဟာ ပြီးခဲ့တဲ့ကိုပါဆုကိုရရှိခဲ့ပြီး တနင်္ဂနွေနေ့မှာကန်မယ့် ဂီတာဖေးနဲ့ပွဲကို လွဲချော်ဖို့များနေပါတယ်။ ယာမဲလ်ဟာ ပြီးခဲ့တဲ့ ဗလန်စီယာ ၊ နယူးကာဆယ်နဲ့ ချန်ပီယံလိဂ်ပွဲတွေကို ပေါင်ခြံဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။

“ယာမဲလ်က တစ်နေ့ချင်းလုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့စောင့်ဆိုင်းရပါမယ်။ သူအလုပ်ကြိုးစားနေပါတယ်။ နေ့တိုင်းလည်း ကုသနေပြီး တိုးတက်လာနေပါတယ်”လို့ ဖလစ်က ပြောကြားခဲ့ပါတယ်။ ဘလိတ်တစ်ယောက်လည်း တံကောက်ကြောဒဏ်ရာကြောင့် လွဲချော်နေဆဲဖြစ်ကာ မကြာခင်မှာ ပြန်လာမယ်လို့ ဖလစ်က ပြောကြားခဲ့ပါတယ်။

ဂါဗီအခြေအနေနဲ့ပတ်သက်ပြီးလည်း ဖလစ်က ဆုံးဖြတ်ချက်ချသွားမယ်လို့ သိရပြီး သြဂုတ်လကတည်းက ဂါဗီတစ်ယောက် အသင်းနဲ့ မပါဝင်သေးတာဖြစ်ပါတယ်။ ယာမဲလ်က ဆက်လက်နားရဖွယ်ရှိနေပြီး ရက်ရှ်ဖို့က လာမယ့်ဂီတာဖေးနဲ့ပွဲမှာ ထပ်မံပါဝင်လာဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့နယူးနဲ့ချန်ပီယံလိဂ်ပွဲမှာ အင်္ဂလန်သားဟာ ပွဲထွက်ခွင့်ရခဲ့ပြီး ပထမဆုံးဂိုးတွေကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဖလစ်ကတော့ ရက်ရှ်ဖို့ဒ်အနေနဲ့ ဆက်လက်ပြီး ခြေစွမ်းပြနိုင်မယ်လို့ မျှော်လင့်နေပါတယ်။