The network connection is lost.

Banner Image

ကာဇက်စတန်နဲ့ သရေကျပြီးနောက် ဘယ်လ်ဂျီယံအသင်းဖော်တွေကို ပြစ်တင်ဝေဖန်လိုက်တဲ့ ဒိုကူ

ဂျရမီဒိုကူက ကာဇက်စတန်နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ တစ်ဂိုးစီသရေကျခဲ့ပြီးနောက် ဘယ်လ်ဂျီယံအသင်းဖော်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။ ဘယ်လ်ဂျီယံက ဒီပွဲမှာအနိုင်ရခဲ့ရ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိမှာဖြစ်ပေမဲ့ ယခုအချိန်မှာတော့ အင်္ဂါနေ့ လက်ချင်စတိန်းနဲ့ ကစားရမယ့်ပွဲမှာ အနိုင်ရမှသာ တိုက်ရိုက်ခြေစစ်ပွဲအောင်နိုင်တော့မှာဖြစ်ပါတယ်။ပွဲအပြီးမှာ ဒိုကူက ကီဗင်ဒီဘရိုင်း၊ ရိုမဲလူလူကာကူနဲ့ ကော်တိုရစ်တို့လို အဓိကကစားသမားတွေ မပါဝင်တဲ့အချိန်မှာ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။

မန်စီးတီးကြယ်ပွင့်က "ကျွန်တော်တို့ ပွဲအများစုမှာ ခြေစွမ်းမပြနိုင်ခဲ့လို့ အမှတ်တွေ အများကြီးဆုံးရှုံးခဲ့ပြီးပါပြီ။ ကျွန်တော်တို့ရဲ့ ခြေစစ်ပွဲစွမ်းဆောင်ရည်က ကောင်းမွန်မနေပါဘူး။ နည်းပြ၊ ကျွန်တော်နဲ့ အားလုံးက ပိုကောင်းအောင်လုပ်ဖို့လိုပါတယ်။ ကာဇက်စတန်ကိုနိုင်ဖို့ ကီဗင်၊ လူကူကာနဲ့ ကော်တိုရစ်တို့ကို လိုအပ်တယ်ဆိုရင် ကျွန်တော်တို့ ကမ္ဘာ့ဖလားမှာ ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့က ဒီအသင်းကို ကြည့်ပြီး သူတို့ အဝေးဘောကစားမယ်လို့ ထင်ခဲ့ပေမဲ့ သူတို့က အတိုပေးပုံစံနဲ့ ကစားခဲ့တယ်။ ဒါက အရင်ပွဲနဲ့ လုံးဝမတူတဲ့ပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့က ပြိုင်ဘက်ကို လုံလုံလောက်လောက် ခွဲခြမ်းစိတ်ဖြာခဲ့ခြင်း မရှိခဲ့ဘူးထင်ပါတယ်"လို့ ပြောခဲ့ပါတယ်။

နောက်ခံလူ အာသာသီယက်တီကလည်း ပွဲအပြီးမှာ စိတ်ပျက်နေကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ဘယ်လ်ဂျီယံရဲ့ နောက်ခံလူတွေရဲ့ စွမ်းဆောင်ရည်အကြောင်း မေးတဲ့အခါ သီယက်တီက "ခင်ဗျားတို့က အမြဲတမ်း နောက်ခံလူတွေကိုပဲ မေးခွန်းထုတ်နေတယ်လို့ ကျွန်တော်ထင်တယ်။ ခင်ဗျားတို့ ဆန္ဒရှိရင် မေးပါ။ ကျွန်တော် သဘောမတူတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဂိုးပေးလိုက်ရရင် ဒါက ပြဿနာပါ။ ဂိုးမသွင်းနိုင်ရင် တိုက်စစ်ရဲ့အမှားပါ။ကျွန်တော်တို့ ဒီလိုဂိုးမပေးသင့်ဘူးဆိုတာ သေချာပါတယ်။ ဒါပေမဲ့ ဒီခြေစစ်ပွဲမှာ ကျွန်တော်တို့ ဂိုးအများကြီးမပေးခဲ့ရပါဘူး။ ဝေးလ်နဲ့ အိမ်ကွင်းပွဲမှာ သုံးဂိုးပေးခဲ့ရတာကတော့ မမှန်ပါဘူး။

ဒါပေမဲ့ တခြားပွဲတွေမှာတော့ ကျွန်တော်တို့ အန္တရာယ်သိပ်မရှိခဲ့ပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါတယ်။ ကျွန်တော်တို့နောက်ခံလူတွေရဲ့ စွမ်းဆောင်ရည်က ကောင်းနေတယ်လို့ပဲ ကျွန်တော်ထင်ပါတယ်"လို့ ပြောသွားခဲ့ပါတယ်။