The network connection is lost.

Banner Image

စံချိန်မှတ်တမ်းကောင်းနှစ်ခုကို ကျော်ဖြတ်ပြီးနောက် ဂုဏ်ယူကျေနပ်နေတဲ့ ဆာကာ

ဝက်စ်ဟမ်းနဲ့ရင်ဆိုင်ရချိန် ဂိုးသွင်းယူနိုင်မှုနဲ့အတူ ပရီးမီးယားလိဂ်ပွဲစဉ် ၂၀၀ ပြည့်မြောက်ခဲ့တဲ့ ဆာကာက လတ်တလောဒဏ်ရာပြဿနာတွေကြောင့် သူ့ရဲ့သမိုင်းမှတ်တမ်းသစ်ရေးထိုးမှုမှာ ပိုမိုချိုမြိန်စေတယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။

ဟမ်းမားစ်တွေနဲ့ပွဲစဉ်မှာ ပယ်နယ်တီမှတဆင့် ဂိုးသွင်းယူပြီးနောက် အသက်-၂၄ နှစ်အရွယ်ကစားသမားက အင်္ဂလန်ထိပ်တန်းလိဂ်မှာ ဂိုးပါဝင်ပတ်သက်မှုအကြိမ် ၁၀၀ ပြည့်မြောက်သွားခဲ့ပါတယ်။ ဒီလိုအောင်မြင်မှုရဲ့ အရသာကို ဆာကာက အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ဘောလုံးတာဝန်တွေ မထမ်းဆောင်ခင် အချိန်တိုလေးအတွင်း အပြည့်အဝခံစားသွားဖို့ ဆန္ဒရှိနေပြန်ပါတယ်။

ပွဲစဉ်အပြီး ဆာကာက “ ဂုဏ်ယူစရာတွေ အများကြီးပါပဲ။ လှပတဲ့နိုင်ပွဲ၊ နောက်ထပ်သွင်းဂိုးနဲ့ ပရီးမီးယားလိဂ်ပွဲ ၂၀၀ ပြည့်မြောက်မှုတွေပေါ့။ ဒါကြောင့် ပျော်ရွှင်ဖွယ်နေ့ရက်တွေပါပဲ။ အရမ်းဂုဏ်ယူမိပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့လတွေအတွင်း ဒဏ်ရာပြဿနာကြောင့် ပွဲစဉ်အများစုကို လွဲချော်ခဲ့ချိန် ကျွန်တော်မျှော်လင့်မိနေခဲ့တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ဒီညမှာတော့ အခုလိုအောင်မြင်မှုအတွက် ကျေကျေနပ်နပ်အောင်ပွဲခံသွားပါမယ်။ ပြီးရင် နိုင်ငံတကာသီတင်းပတ်အလွန်မှာ နောက်တစ်ကြိမ်အဆင်သင့်ဖြစ်နေတဲ့ပုံစံမျိုးနဲ့ ပြန်လာခဲ့ပါတယ်။

ကျွန်တော်က အသင်းဖော်တွေအတွက် အကောင်းဆုံးပုံစံကိုပဲ ပေးဆပ်ချင်ခဲ့ပါတယ်။ အနိုင်ရရှိဖို့အတွက် တက်နိုင်သမျှ ဒီကလပ်အသင်းကို တွန်းအားပေးချင်ပါတယ်”လို့ ပြောပါတယ်။
အခုနိုင်ပွဲမှာ ဆာကာက မန်ချက်စတာယူနိုက်တက်ကို အနိုင်ရရှိတဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်နောက်ပိုင်း ဒုတိယအကြိမ်အဖြစ် ပွဲချိန်ပြည့်ပါဝင်ကစားနိုင်ခဲ့ပါတယ်။ အခုတော့ ဆာကာက အင်္ဂလန်လက်ရွေးစင်တာဝန် ထမ်းဆောင်ဖို့ ပြင်ဆင်သွားရပါလိမ့်မယ်။

သူက “အခုလို ပွဲချိန်ပြည့်ပါဝင်ကစားနိုင်လို့ ကျေနပ်အားရမိပါတယ်။ ရိုးရိုးသားသားပြောရရင် ကျွန်တော် အနည်းငယ်ပင်ပန်းနေပါတယ်။ ဒါပေမဲ့ ပုံမှန်လိုပါပဲ။ ကျွန်တော့်ရဲ့ခြေထောက်တွေကို မိနစ် ၉၀ ပြည့် အသုံးချခွင့်ရရှိသလို နိုင်ပွဲပါရရှိပြီး အင်္ဂလန်အသင်းဆီ သွားရမှာဖြစ်လို့ ကျေနပ်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ပွဲစဉ်အများစုကိုလည်း လွဲချော်နေခဲ့လို့ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရွေးစင်အသင်းဆီ ပြန်ပါဝင်လာရတာ ပျော်ရွှင်မိပါတယ်။

ကျွန်တော်တို့အတွက် တကယ်ကိုခက်ခဲကြမ်းတမ်းလှတဲ့ အဝေးကွင်းပွဲစဉ်အချို့ရှိခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာသီတင်းပတ်မတိုင်ခင် ကျွန်တော်တို့ လုပ်ပြနေခဲ့တဲ့အရာတွေအတွက် ကျွန်တော်တို့ ပျော်ရွှင်နိုင်ပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့မှာ ရာသီအဆုံးသတ်ကာလအထိ တွန်းအားပေးဖို့နဲ့ ပြန်လာနိုင်ဖို့အတွက် အတောင့်တင်းဆုံးအခြေအနေတစ်ခု ရှိနေပါပြီ”လို့ ဆက်ပြောပါတယ်။