The network connection is lost.

Banner Image

အိမ်မှာ တံခါးနဲ့တိုက်မိပြီး ခြေချောင်းကျိုးသွားတာကြောင့် ချဲလ်ဆီးရဲ့အရေးကြီးပွဲစဉ်တွေကို လွဲချော်မယ့် ပယ်လ်မာ

ချဲလ်ဆီးတိုက်စစ်ကစားသမား ကိုးပယ်လ်မာဟာ ဗုဒ္ဓဟူးနေ့ညက အိမ်မှာ တံခါးနဲ့တိုက်မိပြီး ခြေချောင်းကျိုးသွားခဲ့တဲ့အတွက် နောက်ထပ်တစ်ပတ် ထပ်မံအနားယူရဦးမှာဖြစ်ပါတယ်။ အင်္ဂလန်ကစားသမားဟာ ပေါင်ခြံဒဏ်ရာကြောင့် နှစ်လအနားယူခဲ့ရပြီးနောက် ဒီသီတင်းပတ်မှာ အသင်းနဲ့ ပြန်လည်လေ့ကျင့်ဖို့ စီစဉ်ထားခဲ့တာပါ။

ဒါပေမဲ့ အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ သူရဲ့အားသန်တဲ့ ဘယ်ဘက်ခြေထောက်ရဲ့ ခြေသန်းလေးမှာ ဒဏ်ရာရရှိခဲ့တာကြောင့် အနားယူရဦးမှာဖြစ်ပါတယ်။ ပယ်လ်မာဟာ ချဲလ်ဆီးရဲ့ လာမယ့်ပွဲစဉ် ၃ ပွဲဖြစ်တဲ့ စနေနေ့ ဘန်လေနဲ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်၊ အင်္ဂါနေ့ ဘာစီလိုနာနဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်နဲ့ နောက်တစ်ပတ် အာဆင်နယ်နဲ့ကစားမယ့် အိမ်ကွင်းပွဲစဉ်တွေကို လွဲချော်မှာဖြစ်ပါတယ်။

မာရက်စ်ကာက"စနေနေ့အတွက်တော့ သေချာပေါက် မပါဝင်နိုင်ပါဘူး။ ဘာစီလိုနာနဲ့ အာဆင်နယ်ပွဲတွေအတွက်လည်း မသေချာပါဘူး။ ကံမကောင်းစွာနဲ့ပဲ သူအိမ်မှာ မတော်တဆမှုဖြစ်ပြီး ခြေချောင်းကို ထိခိုက်သွားခဲ့တယ်။ အရေးကြီးတာတော့မဟုတ်ပေမဲ့ နောက်တစ်ပတ်မှာ သူပြန်ပါဝင်လာနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်လည်း ညဘက်အကြိမ်ကြိမ်နိုးလာပြီး ခေါင်း၊ ခြေထောက်၊ ခန္ဓာကိုယ်တစ်ခုလုံး တိုက်မိဖူးပါတယ်။ ဒါမျိုးဖြစ်တတ်ပါတယ်"လို့ ပြောခဲ့ပါတယ်။

ပယ်လ်မာ ချဲလ်ဆီးအတွက် နောက်ဆုံးပါဝင်ကစားခဲ့တဲ့ပွဲဟာ စက်တင်ဘာ ၂၀ ရက်နေ့က ယူနိုက်တက်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ချဲလ်ဆီးဟာ ပြိုင်ပွဲစုံ ၁၁ ပွဲကစားခဲ့ပြီး ၈ ပွဲနိုင်၊ ၂ ပွဲရှုံးကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၃ နေရာ ရပ်တည်နေပါတယ်။ "ကိုလ်ကစားရင် သူ့အသင်းဖော်တွေက ပိုကောင်းတဲ့ကစားသမားတွေဖြစ်လာတယ်လို့ ကျွန်တော်ထင်တယ်။ ကိုးလ်ကွင်းထဲမှာရှိရင် ကျွန်တော်ပိုပြီးစိတ်သက်သာရာရတယ်။ ကျွန်တော်တို့အားလုံး ကိုလ်ကို ကွင်းထဲမှာ ရှိစေချင်ပါတယ်။ တပြိုင်နက်တည်းမှာပဲ ကိုးလ်မရှိတဲ့အခါ ကျွန်တော်တို့အဖြေရှာဖို့ လိုပါတယ်။ အသင်းက အလွန်ကောင်းမွန်နေပေမဲ့ ကိုးလ်နဲ့ဆိုရင် ကျွန်တော်တို့ပိုကောင်းပါတယ်။ သူ ကျွန်တော်တို့ဆီ ပြန်ရောက်လုနီးပါးဖြစ်နေပါပြီ"လို့ ပြောခဲ့ပါတယ်။