The network connection is lost.

Banner Image

အမ်းမရိတ်မှာ ဂျာမန်ဘီလူကြီးကို ဂိုးပြတ်တီးထုတ်ပေးလိုက်တဲ့ အာဆင်နယ်

အာဆင်နယ် ၃ - ၁ ဘိုင်ယန်မြူးနစ် (ပွဲပြီးရလဒ်)

အာဆင်နယ်အသင်းဟာ ပွဲမစခင်က အတိတ်ကရလဒ်တွေကိုပြပြီး ဖြဲခြောက်ထားတဲ့ ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်အနိုင်ယူကာ ဇယားထိပ်တက်လှမ်းလာနိုင်ခဲ့ပါတယ်။
ပထမပိုင်းအတွင်း တစ်ဖက်တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ အာဆင်နယ်က ပွဲကိုအလုံးစုံထိန်းချုပ်ပြီး ဂိုးပြတ်နိုင်ပွဲတစ်ခုကို ဖန်တီးသွားနိုင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ကတော့ ဒီယက်ဇ်မပါတဲ့တောင်ပံက အသက်မဲ့နေခဲ့ပြီး အာဆင်နယ်ကို ဒုတိယပိုင်းမှာ ဘာမှလုပ်ပြနိုင်ခြင်းမရှိဘဲ ဒီနှစ်ရာသီ ပထမဆုံးရှုံးပွဲကြုံသွားခဲ့ရပါတယ်။