မန်စီးတီးကြယ်ပွင့်တွေကို ပွဲတော်ကာလ အလွန်အကျွံသောက်စားမှုမလုပ်ဖို့ သတိပေးလိုက်တဲ့ ဂွါဒီယိုလာ
မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ကစားသမားတွေကို ခရစ္စမတ်မှာ ကိုယ်အလေးချိန်စစ်ဆေးမှာဖြစ်ပြီး ဝိတ်ပိုနေတဲ့သူတွေကို အသင်းကနေ ချန်လှပ်ထားမယ်လို့ သတိပေးခဲ့ပါတယ်။ လူအများစုအတွက် ပွဲတော်ကာလဟာ အစားအသောက်နဲ့ အချိုရည်တွေ အလွန်အကျွံစားသုံးတဲ့အချိန်ဖြစ်ပေမဲ့ ဂွါဒီယိုလာက ကစားသမားတွေကို သွေးဆောင်မှုမခံယူဖို့ သတိပေးခဲ့ပါတယ်။
မန်စီးတီးဟာ စနေနေ့မှာ နော်တင်ဟမ်ဖောရက်စ်နဲ့ စောစောစီးစီး ကစားရမှာဖြစ်ပြီး စပိန်လူမျိုးနည်းပြက သူ့ကစားသမားတွေ အကောင်းဆုံးအခြေအနေမှာ ရှိနေစေချင်ပါတယ်။ ဝက်စ်ဟမ်းကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဂွါဒီယိုလာက ကစားသမားတွေကို ပွဲအပြီး ကိုယ်အလေးချိန်စစ်ဆေးခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
ဂွါဒီယိုလာက"မနေ့က ကစားသမားတိုင်း ကိုယ်အလေးချိန်စစ်ဆေးခဲ့ပါတယ်။ ၂၅ ရက်နေ့မှာ ဘယ်လောက်ကီလိုတက်လာလဲဆိုတာကို ကျွန်တော် ထိန်းချုပ်စစ်ဆေးနေမှာပါ။ သူတို့ ဝလာကြတယ်။ နားထောင်ပါ၊ ကျွန်တော် ဒီနေ့ပြောခဲ့တဲ့ စကားတစ်ခွန်းမှ သူတို့ကို ခံစားရအောင် ပြောတာမဟုတ်ပါဘူး။ ဒါက အမှန်တရားပါပဲ သူတို့ သုံးရက်အကြာ ပြန်ရောက်လာတဲ့အခါ ဘယ်လိုပြန်လာလဲဆိုတာကို ကျွန်တော်ကြည့်ချင်ပါတယ်။
သူတို့ ခရစ္စမတ်မှာ စားသောက်လို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော် သူတို့ကို ထိန်းချုပ်ချင်ပါတယ်။ ကျွန်တော် ဒီဇင်ဘာ ၂၇ ရက်နေ့ နော့တင်ဟမ်ဖောရက်စ်နဲ့ပွဲအတွက် လူရွေးချယ်ရမှာပါ။ အခု အခြေအနေကောင်းနေတဲ့ ကစားသမားတစ်ယောက်က ၃ ကီလိုပိုပြီး ရောက်လာတယ်ဆိုရင် သူ မန်ချက်စတာမှာပဲ ရှိနေမှာပါ၊ နော့တင်ဟမ်ဖောရက်စ်ကို ခရီးသွားမှာ မဟုတ်ပါဘူး၊ ဒါတော့ သေချာပါတယ်"လို့ ပြောသွားခဲ့ပါတယ်။