The network connection is lost.

Banner Image

အနိုင်ဂိုးရှင်တိုက်စစ်မှူးဝီလ်ဆင်ကို ချီးကျူးလိုက်တဲ့ နူနိုဆန်းတို့စ်

အဲဗာတန်နဲ့ပွဲစဉ်မှာ အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ကာလမ်ဝီလ်ဆင်ကို ဝက်စ်ဟမ်းနည်းပြနူနိုဆန်းတို့စ်က အားပါးတရ ချီးကျူးစကားဆိုလိုက်ပါတယ်။ ဝီလ်ဆင်က ပွဲပြီးခါနီးနာကျင်အချိန်ပိုမှာ အနိုင်ဂိုးသွင်းယူပေးခဲ့လို့ ဝက်စ်ဟမ်းတို့ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး တန်းဆင်းဇုန်အထက် ၂ မှတ်အကွာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

ပွဲစဉ်အပြီး နူနိုဆန်းတို့စ်က "ကျွန်တော်တို့ ရရှိခဲ့တဲ့ ကောင်းမွန်တဲ့အချက်တွေအနက် တစ်ခုကတော့ အထူးသဖြင့် လန်ဒန်ကွင်းကြီးထဲမှာ ပရိသတ်တွေရဲ့အားပေးကူညီမှုနဲ့အတူ ကျွန်တော်တို့ရော၊ ကစားသမားတွေပါ လက်မလျှော့ဘဲ ကစားနိုင်ခဲ့တာပါပဲ"

"အဲဗာတန်က ချေပဂိုးပြန်သွင်းသွားချိန် ကျွန်တော်တို့အတွက် တကယ့်ကို ရိုက်ခတ်မှုပြင်းထန်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ထပ်လှုပ်ရှားမှုကတော့ 'ကောင်းပြီ၊ ငါတို့ တုံ့ပြန်ရမယ်၊ ဆက်ကြိုးစားကြမယ်' ဆိုတာပါပဲ။ ဘိုဝင်က လမ်းစဖော်ပေးခဲ့ပြီး ဘောလုံးကို အချိန်ကိုက်နေရာမှန်ဆီ ပေးပို့နိုင်ခဲ့တာကြောင့် ဝီလ်ဆင် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး နူနိုဆန်းတို့စ်က "ကစားသမားတိုင်း အရေးကြီးပါတယ်။ ဂိုးဖန်တီးပေးခဲ့တဲ့ ဘိုဝင်ရော၊ ဝီလ်ဆင်ရော အရေးကြီးပါတယ်။ ဝီလ်ဆင်နဲ့ပတ်သက်လို့ ဘာပြောရမလဲ"

"ဒီနေ့ သူပေးခဲ့တဲ့ အခိုက်အတန့်က တကယ့်ကိုကြီးကျယ်ပြီး အံ့ဩဖို့ကောင်းပါတယ်။ အဲဗာတန်က အသင်းကောင်းတစ်ခုဆိုတာ ကျွန်တော်တို့ သိပြီးသားပါ"

"သူတို့က စနစ်တကျရှိတယ်၊ တည်ငြိမ်မှုရှိသလို အတွေ့အကြုံရှိတဲ့ကစားသမားတွေနဲ့ စုဖွဲ့ထားတာပါ"

"ပွဲက အရမ်းကြပ်မယ်၊ နေရာလွတ်ရှာဖို့ ခက်မယ်၊ သူတို့ရဲ့ ခံစစ်ကို ဖောက်ထွက်ဖို့ ခက်မယ်ဆိုတာ သိထားပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ကျွန်တော်တို့ အနေအထားကောင်းတစ်ခုမှာ ရှိနေခဲ့ပါတယ်"

"ကျွန်တော်တို့ စနစ်တကျကစားနိုင်ခဲ့သလို ဖိအားပေးကစားပုံလည်း ကောင်းမွန်ခဲ့ပါတယ်။ နေရာလွတ်တွေကိုလည်း တတ်နိုင်သမျှ ပိတ်ဆို့ထားနိုင်ခဲ့တယ်"

"ဟုတ်ပါတယ်၊ သူတို့ဘက်က ကျွန်တော်တို့ ဂိုးဧရိယာဆီ ဘောလုံးတွေ ဖြတ်တင်လာတဲ့အချိန်တွေ ရှိခဲ့ပါတယ်။ အဲဒီလို ဖြတ်တင်ဘောတွေမှတစ်ဆင့် ဒုတိယအဆင့်၊ တတိယအဆင့်တွေအထိ သူတို့ ဘောလုံးထိန်းထားနိုင်ရင် ဘယ်လောက်အန္တရာယ်ရှိလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ အဲဒါကို ကျွန်တော်တို့ ခွင့်မပြုခဲ့ပါဘူး။ ခြုံပြောရရင် ကျွန်တော်တို့ရဲ့ခံစစ်ပိုင်း ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်" လို့ ဆိုခဲ့ပါတယ်။