The network connection is lost.

Banner Image

အာဆင်နယ်ရဲ့ချန်ပီယံအိပ်မက် ဘယ်နေရာမှာ အဆုံးသတ်သွားနိုင်သလဲဆိုတာ သုံးသပ်လိုက်တဲ့ ဂယ်ရီလိုင်နီကာ

ပရီးမီးယားလိဂ်ဂန္ထဝင်တိုက်စစ်မှူးဂယ်ရီလိုင်နီကာက အာဆင်နယ်အသင်းရဲ့ချန်ပီယံဖြစ်နိုင်မယ့် အခွင့်အရေးကို ဘယ်အသင်းတွေ အနှောင့်အယှက်ပေးသွားနိုင်သလဲဆိုတာကို ရှင်းပြလာပါတယ်။

အာဆင်နယ်က အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ဂိုးအသာဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်ပေါင်း ၁၁ ပွဲအထိ ရှိခဲ့ပြီး လတ်တလောသီတင်းပတ်တွေအတွင်း နည်းပြအာတီတာလက်အောက် ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးအသင်းဖြစ်လာဖို့ ရုန်းကန်နေရပါတယ်။

၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးလိဂ်ချန်ပီယံဆုကို အရယူဖို့ ကြိုးစားနေတဲ့ ဂန်းနားတွေက ပြီးခဲ့တဲ့စနေနေ့မွန်းလွဲပိုင်းမှာလည်း နယူးကာဆယ်ကို ၁-ဝ ဂိုးဖြင့် ထပ်မံအနိုင်ရရှိပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

အာတီတာအတွက် ရာသီပိတ်ပွဲစဉ် ၃ ခုမှာ ဝက်စ်ဟမ်း၊ ဘန်လေ၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ ရင်ဆိုင်ရဖို့ရှိနေပြီး ချန်ပီယံဆုငတ်မွတ်နေမှုကို အဆုံးသတ်ဖို့ ကြိုးစားနေတဲ့ စပိန်လူမျိုးနည်းပြအတွက်တော့ လွယ်ကူတဲ့ပွဲစဉ်တွေ မဖြစ်နိုင်ပါဘူး။

လိုင်နီကာက "The Rest is Football" ပေါ့ဒ်ကတ်စ်မှာ ဂယ်ရီလိုင်နီကာက မြောက်လန်ဒန်ကလပ်အသင်းဆီမှ အမှတ်လုယူသွားနိုင်တဲ့ကလပ်အသင်းတစ်ခု ရှိနေပြီး ဒီကလပ်အသင်းဟာ ပရီးမီးယားလိဂ်မှာတန်းတင်ကျန်ရစ်နိုင်ဖို့ အသက်လုရုန်းကန်နေရတယ်လို့ ဆိုပါတယ်။

"သူတို့မှာ ဖူလ်ဟမ်နဲ့အိမ်ကွင်းပွဲစဉ်ရှိသလို ဝက်စ်ဟမ်းနဲ့အဝေးကွင်းပွဲစဉ်လည်း ရှိနေသေးတယ်၊ အဲ့ဒါက တကယ်ကို ခက်ခဲပါလိမ့်မယ်။ ဝက်စ်ဟမ်းက တန်းမဆင်းရဖို့ အစွမ်းကုန်ရုန်းကန်နေရသလို လက်ရှိမှာလည်း ကစားပုံကောင်းနေပါတယ်။ သူတို့က နှစ်သစ်ကူးပြီးကတည်းက တခြားအသင်းတွေထက် မသာရင်တောင် တန်းတူလောက်ရှိတဲ့ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားတာကြောင့် အာဆင်နယ်အတွက်တော့ ခက်ခဲတဲ့ပွဲစဉ်တစ်ခု ဖြစ်လာပါလိမ့်မယ်။

ဘန်လေနဲ့အိမ်ကွင်းပွဲစဉ်ကတော့ အာဆင်နယ်နိုင်မယ်လို့ အပိုင်တွက်လို့ရပြီး ရာသီပိတ်ပွဲစဉ်ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့အဝေးကွင်းပွဲစဉ်ကလည်း ပြောစရာမလိုအောင် သိသာပါတယ်။ ဒါကြောင့် ခြုံပြောရရင် အာဆင်နယ်ရဲ့ပွဲစဉ်တွေက မန်စီးတီးထက် နည်းနည်းပိုချောင်တယ်လို့ ပြောလို့ရပေမဲ့ မန်စီးတီးကတော့ ရာသီကုန်ခါနီးရင် ဘယ်လောက်အထိ စွမ်းဆောင်ပြနိုင်သလဲဆိုတာ အားလုံးသိကြပါတယ်။ ကျွန်တော့်အမြင်အရတော့ အာဆင်နယ်နဲ့ မန်စီးတီးတို့ရဲ့ ချန်ပီယံဖြစ်နိုင်ခြေက ၅၀-၅၀ လောက်စီ ရှိနေတယ်လို့ ထင်ပါတယ်" လို့ လိုင်နီကာက ပြောပါတယ်။

လတ်တလောမှာ အာဆင်နယ်က အကောင်းဆုံးပုံစံရရှိဖို့ ရုန်းကန်နေရပြီး ဒီရာသီမှာ အဆုံးအထိသွားနိုင်ဖို့ဆိုရင် လက်ကျန်ပွဲစဉ်တွေကို အမှားအယွင်းမရှိအကောင်းဆုံးခြေစွမ်းပြနိုင်ဖို့ လိုအပ်နေပါတယ်။