The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့နဲ့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေကို အာလင်းဟာလန်း ပယ်ချ

မန်စီးတီးအသင်းရဲ့ ကြယ်ပွင့်ကစားသမား အာလင်းဟာလန်းက သူ့အနေနဲ့ အသင်းကနေ မကြာခင် ထွက်ခွာတော့မယ်ဆိုတဲ့ ကောလာဟလသတင်းတွေကို ပယ်ချလိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာလန်းဟာ နည်းပြ ဂွါဒီယိုလာရဲ့ လက်အောက်မှာ ပြိုင်ပွဲစုံ ၄၈ ပွဲ ကစားထားပြီး ၃၅ ဂိုးအထိ သွင်းယူကာ အံ့အားသင့်စရာကောင်းတဲ့ ရာသီတစ်ခုကို ထပ်မံပိုင်ဆိုင်နေတာ ဖြစ်ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့နှစ်ကမှ အသင်းနဲ့ ၁၀ နှစ်သက်တမ်းရှိတဲ့ ရေရှည်စာချုပ်သစ် ချုပ်ဆိုခဲ့တာ ဖြစ်ပေမဲ့ စပိန်နိုင်ငံက လာတဲ့ သတင်းတွေမှာတော့ သူ့ကို ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာအသင်းတွေနဲ့ ဆက်စပ်ပြီး ဖော်ပြနေကြတာပါ။

ESPN နဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ ဟာလန်းက အဆိုပါ ကောလာဟလတွေကို ပြတ်ပြတ်သားသားပဲ အခုလို တုံ့ပြန်ခဲ့ပါတယ်။ "ကျွန်တော် ဒီမှာ အရမ်းပျော်နေပါတယ်။ အသင်းအတွက်ရော ကျွန်တော့်အတွက်ပါ ရင်ခုန်စရာကောင်းတဲ့ အချိန်တွေဖြစ်နေလို့ ရှေ့ဆက်မယ့် အစီအစဉ်တွေကိုလည်း စောင့်မျှော်နေပါတယ်။ မန်စီးတီးနဲ့အတူ ဆက်သွားဖို့ပဲ အာရုံစိုက်ထားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။