The network connection is lost.

Banner Image

ဂွါဒီယိုလာရဲ့နေရာကို ဆက်ခံဖို့ အလားအလာအရှိဆုံးဖြစ်တဲ့ မာရက်စ်ကာနဲ့ မန်စီးတီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်

ပက်ဂွါဒီယိုလာမရှိတော့မယ့် အနာဂတ်အတွက် ပြင်ဆင်တဲ့အနေနဲ့ မန်စီးတီးအသင်းဟာ အန်ဇိုမာရက်စကာနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

The Guardian ရဲ့ ဖော်ပြချက်အရ မန်စီးတီးဟာ ဂွါဒီယိုလာရဲ့နေရာမှာ အစားထိုးမယ့်သူကို ရှာဖွေဖို့ လုပ်ငန်းစဉ်တွေကို တရားဝင် စတင်နေပြီလို့ သိရပါတယ်။

အသက် ၄၆ နှစ်အရွယ် ချယ်လ်ဆီးနည်းပြဟောင်း မာရက်စကာဟာ သူအရင်က လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ မန်စီးတီးအသင်းဆီ ပြန်လည်ရောက်ရှိလာဖို့ သတင်းတွေ ထွက်နေတာပါ။

သူ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာခဲ့ရတဲ့ အကြောင်းရင်းတစ်ခုကလည်း မန်စီးတီးအသင်းကို တာဝန်ယူလိုတဲ့ သူ့ရဲ့ဆန္ဒကို အထက်လူကြီးတွေကို အသိပေးခဲ့တာကြောင့် ဖြစ်တယ်လို့ အရင်က သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။

အခုနွေရာသီမှာ ဂွါဒီယိုလာတစ်ယောက် အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ပိုမိုထွက်ပေါ်လာချိန်မှာပဲ မန်စီးတီးဟာ အီတလီလူမျိုးနည်းပြနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။