ဗိုလ်လုပွဲအတွက် နှာတစ်ဖျားအသာစီးရယူသွားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်
နော်တင်ဟမ်ဖောရက်စ် ၁-၀ အက်စတွန်ဗီလာ (ပွဲပြီးရလဒ်)
ပရီးမီးယားလိဂ်ကလပ်အသင်းနှစ်ခုရဲ့ စီးတီးဂရောင်းကွင်းဥရောပအဆင့်ထိပ်တိုက်တွေ့ဆုံမှုမှာ နည်းဗျူဟာပိုင်းအားပြိုင်မှုတွေနဲ့အတူ အကြိတ်အနယ်ရှိရှိယှဉ်ပြိုင်ကစားသွားခဲ့ကြပါတယ်။ အခုပွဲစဉ်အတွက် အဆုံးအဖြတ်အနိုင်ဂိုးကိုတော့ ဒုတိယပိုင်းပွဲချိန်အတွင်း ခရစ်ဝုဒ်က ပယ်နယ်တီမှတဆင့် သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ မျက်နှာသိပြိုင်ဘက်ကလပ်အသင်းနှစ်ခုအကြား ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ထိပ်တိုက်တွေ့ဆုံမှုက လာမယ့်သီတင်းပတ်၊ ဗီလာပတ်ခ်ကွင်းဒုတိယအကျော့မှာ ဘာတွေဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။