The network connection is lost.

Banner Image

လီဗာပူးကို အနိုင်ရရှိမှုကြောင့် ချဲလ်ဆီးတွေနဲ့ နည်းပြ မာရက်စ်ကာတို့ ပိုမိုနီးစပ်လာမယ်လို့ ကာဘယ်လာရိုပြော

ချဲလ်ဆီးအသင်းရဲ့ လီဗာပူးအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကြောင့် ပရိသတ်တွေနဲ့ နည်းပြ အန်ဇိုမာရက်စ်ကာတို့ရဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေလိမ့်မယ်လို့ ဝီလီကာဘယ်လာရိုက ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်း အနိုင်ရခဲ့ပေမဲ့ မာရက်စ်ကာကတော့ ကစားသမားတွေနဲ့အတူ ကွင်းအတွင်း ဝင်ရောက်အောင်ပွဲခံခဲ့တဲ့အတွက် ဒိုင်လူကြီး အန်တိုနီတေလာက အနီကတ်ပြပြီး ထုတ်ပယ်ခဲ့တာကြောင့် ပွဲပြီးဆုံးချိန်မှာ မီဒီယာတွေနဲ့တွေ့ဆုံနိုင်ခြင်းမရှိခဲ့ပါဘူး။

နည်းပြမာရက်စ်ကာကိုယ်စား လက်ထောက်နည်းပြ ကာဘယ်လာရိုက "အန်ဇိုဟာ ပရိသတ်တွေနဲ့ ဆက်ဆံရေးကောင်းရှိတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးစက္ကန့်မှာ အနိုင်ရတဲ့ပွဲတွေ၊ လီဗာပူး၊ အာဆင်နယ်လို အသင်းကြီးတွေကိုအနိုင်ရတာတွေက ပိုပြီးတော့ ကောင်းတဲ့အရာတွေကို ပေးနိုင်ပါတယ်။

နောက်ဆုံးမိနစ် ၃၀ မှာ ပရိသတ်တွေအားလုံးက အားပေးခဲ့ကြတယ်၊ ပွဲထဲမှာပါဝင်ခဲ့ကြတယ်။ အဲဒါက ကျွန်တော်တို့ဖန်တီးချင်တဲ့အရာပါပဲ။ ဒါက အဝေးကွင်းအသင်းအတွက် မကောင်းတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်ပြီး နောက်ဆုံးမိနစ်အနည်းငယ်မှာ ပြေးဖို့အတွက် စွမ်းအင် (သို့) အားတွေထပ်ပေးပါတယ်"

ဒီလိုပတ်ဝန်းကျင်မျိုးကို ပွဲတွေအများကြီးအတွက် ဖန်တီးနိုင်မယ်လို့ မျှော်လင့်ပါတယ်၊၊ ပရိသတ်တွေက အမြဲတမ်းရှိနေတယ်ဆိုတာကို ကျွန်တော်တို့သိပါတယ်"လို့ ပြောခဲ့ပါတယ်။
မာရက်စ်ကာကတော့ အရင်တုန်းက ချဲလ်ဆီးပရိသတ်တွေဟာ ဘင်ဖီကာအသင်းကိုင်တွယ်ပြီး စတမ်းဖို့ဒ်ဘရစ်ချ်ကိုပြန်လာခဲ့တဲ့ နည်းပြဟောင်း ဂျိုဆေးမော်ရင်ဟိုလို သူ့ရဲ့နာမည်ကိုတစ်နေ့နေ့မှာ သီချင်းဆိုပေးကြဖို့ မျှော်လင့်ကြောင်းပြောကြားခဲ့ဖူးပါတယ်။