The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်မှထုတ်ပယ်ခံလိုက်ရတဲ့ အလွန်ဆိုကို နှုတ်ဆက်စကားပြောကြားခဲ့တဲ့ အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်တိုက်စစ်ကြယ်ပွင့် ခီလီယန်အမ်ဘာပေက စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာကိုရှုံးနိမ့်ပြီးနောက် ရာထူးမှထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ ဇာဘီအလွန်ဆိုအတွက် နှုတ်ဆက်စကားပြောကြားလာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်တာဝန်ရှိသူတွေဟာ အလွန်ဆိုကိုထုတ်ပယ်ခဲ့ပြီးနောက် အယ်လ်ဗာရိုအာဘီလိုအာကို ယာယီနည်းပြအဖြစ် အစားထိုးခန့်အပ်ထားပြီး ဈေးကွက်ထဲမှာ ချိတ်ဆက်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ 

အလွန်ဆိုရဲ့ထွက်ခွာရခြင်းအတွက် ရီးရဲလ်မက်ဒရစ်ကစားသမားတွေနဲ့ ပရိသတ်တွေက နှုတ်ဆက်စကားတွေပို့ပေးခဲ့ကြာရာ အမ်ဘာပေကလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။  အင်စတာဂရမ်မှတစ်ဆင့် အမ်ဘာပေက "အချိန်ကာလအားဖြင့်တိုတောင်းခဲ့ပေမယ့် နည်းပြလက်အောက်မှာ ကစားခွင့်ရခဲ့တာ၊ သူ့ဆီကနေ သင်ယူခွင့်ရခဲ့တာတွေကို တကယ်ကို ဂုဏ်ယူစရာပါ။ ပထမဆုံးနေ့ကတည်းက ကျွန်တော့်အပေါ်ယုံကြည်မှုပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်" 

"ဘောလုံးနဲ့ပတ်သက်ရင် ဗဟုသုတကြွယ်ဝပြီး ရှင်းလင်းပြတ်သားတဲ့အတွေးအခေါ်ရှိတဲ့ နည်းပြတစ်ယောက်အဖြစ် အမြဲတမ်းအမှတ်ရနေမှာပါ။ နောက်ထပ်ရောက်လာမယ့် ခရီးစဉ်တွေမှာလည်း အကောင်းဆုံးတွေဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်" လို့နှုတ်ဆက်စကားဆိုခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ အာဘီလိုအာကိုယာယီခန့်အပ်ထားပေမယ့် ရာသီကုန်အထိ ဆက်လက်ထားရှိသွားမှာမဟုတ်တာကြောင့် နည်းပြသစ်ကိုရှာဖွေနေပြီး ချဲလ်ဆီးမှထုတ်ပယ်ခံလိုက်ရတဲ့ အန်ဇိုမာရက်စ်ကာနဲ့ လီဗာပူးဂန္ထဝင်နည်းပြဟောင်း ယာဂင်က‌လော့ပ်တို့က အလွန်ဆိုရဲ့နေရာကိုဆက်ခံဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။