ပီအက်စ်ဂျီရဲ့ရေဒါအောက်ရောက်ရှိပြီးနောက် ချဲလ်ဆီးနဲ့အနာဂတ်အတွက် စဉ်းစားလာတဲ့ အန်ဇိုဖာနန်ဒက်ဇ်
ပြင်သစ်ဘီလူးကြီးပီအက်စ်ဂျီရဲ့စိတ်ဝင်စားမှုရရှိထားတဲ့ ချဲလ်ဆီးကွင်းလယ်ကစားသမားအန်ဇိုဖာနန်ဒက်ဇ်က ကလပ်အသင်းမှာရှိနေတဲ့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စဉ်းစားမှုတွေရှိလာတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
အသက်-၂၄ နှစ်အရွယ် အန်ဇိုဖာနန်ဒက်ဇ်က ၂၀၂၃ ခုနှစ်၊ ချဲလ်ဆီးဆီ ပေါင် ၁၀၆ သန်းဖြင့် ရောက်ရှိလာချိန် ပရီးမီးယားလိဂ်သမိုင်းတလျှောက် တန်ကြေးအမြင့်မားဆုံးဇန်နဝါရီအပြောင်းအဈေးကွက်လှုပ်ရှားမှုတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ မကြာသေးခင်ကာလကပဲ အန်ဇိုမာရက်စ်ကာကို ထုတ်ပယ်ခြင်းနဲ့ လီယမ်ရိုစီနီယာကို တာဝန်ပေးအပ်ခြင်းတို့လို အပြောင်းအလဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ပြင်သစ်အခြေစိုက် L’Equipe သတင်းဌာနရဲ့အဆိုအရ ပီအက်စ်ဂျီက အန်ဇိုဖာနန်ဒက်ဇ်ရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ကစားသမားကိုယ်တိုင်လည်း အနာဂတ်အတွက် စဉ်းစားနေပြီလို့ သိရပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားဆုရှင်က သူနဲ့ဆက်ဆံရေးကောင်းမွန်တဲ့ အန်ဇိုမာရက်စ်ကာထွက်ခွာသွားမှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။