The network connection is lost.

Banner Image

လေဗာကူဆင်ရဲ့စွမ်းဆောင်ရည်ပိုင်းကို အထူးတလည်ချီးကျူးဂုဏ်ပြုခဲ့တဲ့ ဟုဂျ်မန်း

ယမန်နေ့ညပိုင်း၊ အာဆင်နယ်နဲ့တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်အပြီး လေဗာကူဆင်နည်းပြဟုဂျ်မန်းက စဉ်းစားစရာတွေရှိပေမဲ့ အပေါင်းလက္ခဏာဆောင်တဲ့ အချက်တွေကိုသာ ပိုပြီးမြင်တွေ့ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော့်မှာ ခံစားချက်တွေ ရောထွေးနေပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့သလို ပြိုင်ဘက်အတွက် အခွင့်အရေးတွေလည်း အများကြီးမပေးခဲ့ရပါဘူး။ ကျွန်တော်တို့ တက်တက်ကြွကြွရှိခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုပိုင်းကိုလည်း ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပါတယ်" လို့ သူက ဆိုပါတယ်။

ဆက်လက်ပြီး ဟုဂျ်မန်းက "ဒါက ထိပ်တန်းအသင်းတစ်ခုကို ယှဉ်ကစားခဲ့တဲ့ ထိပ်တန်းခြေစွမ်းတစ်ခုပါ။ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့လို့ တကယ်ကို စိတ်ပျက်စရာကောင်းပေမဲ့ လန်ဒန်ကိုတော့ မျှော်လင့်ချက်အပြည့်နဲ့ သွားရောက်ယှဉ်ပြိုင်သွားပါမယ်။ ရေပန်းစားနေတဲ့ အာဆင်နယ်အတွက် ဖိအားတွေ အများကြီးရှိနေပါတယ်။ ကျွန်တော်တို့ကတော့ ဒီပွဲကို ရင်ခုန်စွာစောင့်မျှော်နေပြီး အံ့အားသင့်စရာရလဒ်မျိုး ဖန်တီးချင်ပါတယ်" လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

ဒီပွဲစဉ်မှာ တိုက်ရိုက်ဂိုးပါဝင်ပတ်သက်ခြင်းမရှိခဲ့ပေမဲ့ အသက် ၁၉ နှစ်အရွယ် ခရစ်ရှန်ကိုဖာနေးကတော့ အထင်ကြီးစရာခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပြီး အသင်းအတွက် အကောင်းမြင်စရာမျှော်လင့်ချက်တွေ ရှိတယ်လို့ ခံစားနေရပါတယ်။

ကိုဖာနေးက "ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ ဒီနေ့ပွဲစဉ်မှာ မြင်ခဲ့ရပါတယ်။ ကျွန်တော်တို့က ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်အသင်းတစ်ခုနဲ့ ယှဉ်ပြိုင်ကစားခဲ့တာပါ။ ကျွန်တော်တို့က သူတို့ကို ရှုံးနိမ့်လုနီးပါးအခြေအနေအထိ ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါက လာမယ့်သီတင်းပတ်ပွဲစဉ်အတွက် ကျွန်တော်တို့ကို မျှော်လင့်ချက်တွေ ပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ သေချာပေါက်လွယ်ကူတဲ့ပွဲစဉ်တော့ မဖြစ်နို်ငပါဘူး" လို့ ရှင်းပြခဲ့ပါတယ်။