The network connection is lost.

Banner Image

ဂီဗာရီယိုရိဒ်ကိုခေါ်ယူဖို့ အခက်တွေ့နေတဲ့ ဘိုင်ယန်မြူးနစ်က ဘင်ဖီကာလူငယ်ကြယ်ပွင့်လေးဆီ မျက်စိကျလာ

ဖီယင်နုနောက်ခံလူဂီဗာရီယိုရိဒ်ကိုခေါ်ယူမယ့်အစီအစဉ်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရလို့ ဘိုင်ယန်မြူးနစ်အသင်းက ဘင်ဖီကာကြယ်ပွင့်ဘန်ဂျာကီဆီ မြှားဦးလှည့်လာတယ်လို့ သတင်းတွေအရ သိရပါတယ်။

ဘိုင်ယန်မြူးနစ်က လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ညာနောက်ခံလူနေရာအတွက် လူငယ်ကစားသမားအသစ်တစ်ဦး ထပ်မံဖြည့်တင်းဖို့ ရှာဖွေနေတာပါ။

အသက် ၁၉ နှစ်အရွယ်ဖီယင်နုကစားသမားရိဒ်ကို ဂျာမန်ဘီလူးကြီး ခေါ်ယူမယ့်သတင်းတွေ အပြင်းအထန် ထွက်ပေါ်ခဲ့ပေမဲ့ အပြောင်းအရွှေ့အတွက် ကုန်ကျမယ့် ငွေကြေးဆိုင်ရာကိစ္စရပ်တွေကြောင့် ဆွေးနွေးမှုတွေ ရှုပ်ထွေးလာခဲ့ပါတယ်။

Sky Sport ရဲ့ဖော်ပြချက်အရ ဗင်းဆင့်ကွန်ပနီရဲ့အသင်းက လတ်တလောမှာ အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ ဘန်ဂျာကီဆီ အာရုံစိုက်လာခဲ့ပါတယ်။ ဘန်ဂျာကီက မကြာသေးခင်ကမှ နည်းပြမော်ရင်ဟိုရဲ့ လက်အောက်မှာ ဘင်ဖီကာစီနီယာအသင်းကြီးဆီ စတင်တက်လှမ်းနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဘန်ဂျာကီဟာ ဘင်ဖီကာနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေလို့ သူ့ကိုခေါ်ယူရမယ့်ကိစ္စက ရိဒ်ကိုခေါ်ယူရမယ့်အခြေအနေထက်စာရင် ပိုပြီးလွယ်ကူသွားနိုင်တယ်လို့လည်း သိရပါတယ်။