ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်အတွင်း လူမျိုးရေးခွဲခြားစော်ကားမှုပြုလုပ်ခဲ့တဲ့ အဖွဲ့ဝင်ငါးဦးကို ဘင်ဖီကာအသင်း အရေးယူ
ပြီးခဲ့တဲ့ကြာသပတေးနေ့မှာထွက်ပေါ်လာတဲ့ ဘင်ဖီကာအသင်းရဲ့ထုတ်ပြန်ချက်တစ်ခုမှာ စည်းကမ်းပိုင်းဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်ပြီးနောက် အသင်းအဖွဲ့ဝင်ငါးဦးကို အရေးယူဆိုင်းငံ့လိုက်ပြီး သူတို့ရဲ့ Red Pass (ကွင်းဝင်ခွင့်ကတ်) တွေကို ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ ဖော်ပြထားပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုတွေရဲ့ရလဒ်အဖြစ် အမြင့်ဆုံးပြစ်ဒဏ်အတွက် အသင်းမှ ရာသက်ပန်ထုတ်ပယ်ဖို့အထိ အရေးယူသွားနို်ငပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်၊ ဘင်ဖီကာနဲ့ ရီးရဲလ်မက်ဒရစ်ပွဲစဉ်အပြီး အသင်းတွင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး အဲ့ဒီပွဲစဉ်အတွင်း ပွဲကြည့်စင်ပေါ်မှာ အသင်းရဲ့တန်ဖိုးထားချက်တွေ၊ လိုက်နာရမယ့်မူဝါဒတွေနဲ့ လုံးဝမကိုက်ညီသော မလျော်ကန်တဲ့ လူမျိုးရေးခွဲခြားမှုတွေ ပြုလုပ်ခဲ့လို့ အခုလိုအရေးယူခဲ့ခြင်း ဖြစ်တယ်လို့ ဘင်ဖီကာရဲ့တရားဝင်ထုတ်ပြန်ချက်မှာ ရှင်းပြထားပါတယ်။
ဘင်ဖီကာအသင်းက ဘယ်လိုခွဲခြားဆက်ဆံမှုမျိုး ဒါမှမဟုတ် လူမျိုးရေးခွဲခြားမှုမျိုးကိုမဆို လုံးဝသည်းမခံဘဲ အသင်းရဲ့ဂုဏ်သိက္ခာ၊ အားကစားစိတ်ဓာတ်နဲ့ လူမှုဝန်းကျင်တန်ဖိုးထားချက်တွေကို ဆန့်ကျင်တဲ့အပြုအမူတွေကို ပြတ်ပြတ်သားသားဆက်လက်အရေးယူသွားမယ်လို့လည်း ထပ်လောင်းအတည်ပြုခဲ့ပါတယ်။