
အင်္ဂလန်သားရဲ့စာချုပ်သစ်နဲ့ပတ်သက်ပြီး အရဲစွန့်ဖို့ ပြင်ဆင်လာတဲ့ ဘိုင်ယန်မြူးနစ်
ဘိုင်ယန်မြူးနစ်အသင်းဟာ ပရီးမီးယားလိဂ် နဲ့ မေဂျာလိဂ်တို့က ချိတ်ဆက်ခြင်းခံနေရတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို စာချုပ်သက်တမ်းတိုးဖို့ အရဲစွန့်ဖို့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဘိုင်ယန် နဲ့ ကိန်းတို့ကြား စာချုပ်ထဲမှာ ပေါင် ၅၇ သန်းတန်စာချုပ်ဖျက်သိမ်းကြေးရှိနေပြီး လာမယ့်နွေမှာ အဲ့ပမာဏနဲ့ထွက်ခွာခွင့်ပြုရမယ်လို့ ပါဝင်နေပါတယ်။
တကယ်လို့ ပြည်ပကလပ်အသင်းတစ်ခုက ကမ်းလှမ်းလာရင် ကိန်းအနေနဲ့ ဇန်နဝါရီမတိုင်ခင်မှာ စာချုပ်သက်တမ်းတိုးရမှာဖြစ်ပါတယ်။ ဂျာမန်သတင်းဌာနရဲ့အဆိုအရ ဘိုင်ယန်ဟာ အင်္ဂလန်သားကို အသင်းမှာဆက်ထိန်းထားချင်နေပေမယ့် နောက်ဆုံး ၁၁ နာရီမတိုင်ခင်အထိ အလောင်းအစားလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ကိန်းအနေနဲ့ လာမယ့် ၂၀၂၆ နွေမှာ အသင်းကနေထွက်ခွာနိုင်တဲ့ စာချုပ်ဖျက်သိမ်းကြေးရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဘိုင်ယန်ကတော့ ချက်ချင်းသက်တမ်းမတိုးဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ အဲ့အစား လာမယ့်ဖေဖော်ဝါရီ ၁ ရက်နေ့မှာမှ စာချုပ်သက်တမ်းတိုးတာကို ဆွေးနွေးညှိနှိုင်းဖို့ ပြင်ဆင်နေပါတယ်။
ဘိုင်ယန်ဘက်က ကိန်းအနေနဲ့ ဘယ်အသင်းကိုမှမပြောင်းဖို့ မျှော်လင့်နေပါတယ်။ ဘိုင်ယန်ကိုပြောင်းလာပြီးကတည်းက ကိန်းဟာ ၂ ရာသီအတွင်း အသင်းအတွက် ၁၀၆ ပွဲမှာ ၁၀၃ ဂိုးအထိသွင်းယူထားနိုင်ခဲ့သလို ၂၀၂၄ - ၂၅ ရာသီမှာလည်း ဘွန်ဒက်စ်လီဂါချန်ပီယံဆုထပ်မံရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒီရာသီမှာလည်း ကိန်းတစ်ယောက် အသင်းအတွက် ၁၀ ပွဲမှာ ၁၈ ဂိုးသွင်း ၊ ၃ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဘိုင်ယန်မှာ အောင်မြင်နေပေမယ့်လည်း အင်္ဂလန်သားကို အသင်းဟောင်း တော့တင်ဟမ်အပြင် မေဂျာလိဂ်ကလပ်တွေကလည်း ခေါ်ယူချင်နေပါတယ်။
“အသင်းမှာဆက်နေဖို့က ကျွန်တော်ဆက်နေနိုင်ပါတယ်။ ကျွန်တော်လွန်ခဲ့တဲ့ရက်သတ္တပတ်တွေကတည်းက စကားပြောဖြစ်ခဲ့ပါတယ်။ အခုချိန်ထိတော့ ဘိုင်ယန်နဲ့ စကားမပြောရသေးပါဘူး။ ဒါပေမယ့် တကယ်လို့ သူတို့ဘက်ကစကားပြောဆိုမယ်ဆိုရင် ကျွန်တော်အဆင်သင့်ပါပဲ။ ယေဘုယျအားဖြသ့် အဲ့တာက လာမယ့်နှစ် ဒါမှမဟုတ် ကျွန်တော်တို့ဘာအတူတူအောင်မြင်မလဲအပေါ်မူတည်နေပါတယ်။
အခုချိန်မှာတော့ ကျွန်တော်အံ့ဖွယ်အခိုင်အတန့်ကိုဖြတ်သန်းနေတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော် အခြားအရာတွေကို မတွေးဖြစ်ပါဘူး။ ဘယ်အရာမှ တရားသေမှတ်ယူလို့မရသလို လက်ရှိမှာတော့ အသင်းအတွက်ပဲ အပြည့်အဝအာရုံစိုက်ထားပါတယ်”လို့ ကိန်းက ဖြေကြားခဲ့ပါတယ်။ ကိန်းအနာဂတ်က မသေချာချိန်မှာ လက်ရှိမှာတော့နိုင်ငံအသင်းနဲ့ပူးပေါင်းနေပြီး လာမယ့်နှစ်ကမ္ဘာ့ဖလားအတွက်လည်း ပြင်ဆင်နေပါတယ်။