The network connection is lost.

Banner Image

ပွဲထွက်ခွင့်ပြိုင်ဆိုင်မှုက အင်္ဂလန်အသင်းရဲ့ စံနှုန်းကို မြှင့်တင်ပေးတယ်လို့ ဟယ်ရီကိန်း ပြောကြား

အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းက အသင်းတွင်း ပွဲထွက်ခွင့်ပြိုင်ဆိုင်မှုတွေဟာ စံနှုန်းတွေကို မြှင့်တင်ပေးတယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

နည်းပြ သောမတ်စ်တူချယ်လက်ထက်မှာ အင်္ဂလန်အသင်းရဲ့ ကစားသမား အရည်အသွေး ပြည့်ဝမှုဟာ အထူးသဖြင့် တိုက်စစ်ပိုင်းမှာ ဆွေးနွေးစရာခေါင်းစဉ်ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆားဘီးယားနဲ့ပွဲတုန်းက ဂျူဒီဘယ်လင်ဟမ်နဲ့ ဖီးလ်ဖိုဒန်တို့ အရံခုံကနေဝင်ကစားခဲ့ရပြီး မားကပ်စ်ရက်ရှ်ဖို့ဒ်ကလည်း အန်တိုနီဂေါ်ဒွန် မပါဝင်တဲ့အချိန်မှာ အသင်းမှာ နေရာရဖို့ ကြိုးစားနေပါတယ်။

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၇ ပွဲစလုံးကို နိုင်ပွဲရယူထားပြီး ဂိုး ၂၀ သွင်းယူထားပါတယ်။  နောက်ဆုံးခြေစစ်ပွဲကိုတော့ အယ်လ်ဘေးနီးယားနဲ့ ကစားရမှာဖြစ်ပါတယ်။
ကိန်းက ကစားသမားတိုင်းဟာ တူချယ်ရဲ့အသင်းမှာ ပွဲထွက်ခွင့်အတွက် ဘယ်သူနဲ့ပြိုင်ဆိုင်ရမယ်ဆိုတာ သိထားကြပေမဲ့ ဒီပြိုင်ဆိုင်မှုက အသင်းရဲ့စံနှုန်းကို ပိုမိုမြင့်မားစေခဲ့တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

ဟယ်ရီကိန်းက"နေရာအများအပြားအတွက် ပြင်းပြတဲ့ ပြိုင်ဆိုင်မှုတွေရှိပါတယ်။ လူတွေက သူတို့ရဲ့နေရာနဲ့ ဘယ်သူနဲ့ပြိုင်ဆိုင်ရမယ်ဆိုတာကို သိကြပါတယ်။ ဒါက လူတွေကို လေ့ကျင့်ရေးကွင်းထဲဝင်လာတဲ့အခါ လွတ်လပ်မှုခံစားရစေတယ်လို့ ကျွန်တော်ထင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပိုမိုမြင့်မားတဲ့ စံနှုန်းကို တွန်းအားပေးတဲ့ ကျန်းမာတဲ့ ပြိုင်ဆိုင်မှုတစ်ခုပါ။

နည်းပြက ကစားသမားတွေနဲ့ စကားပြောတဲ့အခါ အရမ်းရှင်းလင်းပါတယ်။ ပြိုင်ပွဲပြီးတဲ့အထိ ဒီအတိုင်းပဲ ဖြစ်နေမယ်လို့ ကျွန်တော်ထင်ပါတယ်။ မကစားရတဲ့ ကစားသမားတချို့ရှိပေမဲ့ သူက သူတို့ရဲ့ အခန်းကဏ္ဍတွေကို ရှင်းရှင်းလင်းလင်းလုပ်ပေးပါလိမ့်မယ်"လို့ ပြောခဲ့ပါတယ်။
ကိန်းဟာ ၂၀၂၅-၂၆ ရာသီအစမှာ ခြေစွမ်းပြနေပြီး ဘွန်ဒက်စ်လီဂါ ၁၀ ပွဲမှာ ၁၃ ဂိုး၊ ချန်ပီယံလိဂ် ၄ ပွဲမှာ ၅ ဂိုး သွင်းယူထားပါတယ်။