The network connection is lost.

Banner Image

ဗီတင်ဟာရဲ့ထူးရှယ်ဟက်ထရစ်ဖြင့် Comback နိုင်ပွဲဖော်ဆောင်ခဲ့တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီ ၅-၃ တော့တင်ဟမ် (ပွဲပြီးရလဒ်)

လက်ရှိဥရောပအဆင့်ချန်ပီယံအသင်းနှစ်ခုရဲ့ထိပ်တိုက်တွေ့ဆုံမှုက အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ စိတ်လှုပ်ရှားစရာပွဲစဉ်တစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။ အခုပွဲစဉ်အတွင်း တော့တင်ဟမ်ရဲ့နှစ်ကြိမ်တိုင်တိုင်ဦးဆောင်မှုကို ပီအက်စ်ဂျီက အကောင်းဆုံးပြန်လည်ချေပပြီး အဖိုးတန်သုံးမှတ်ကို ရယူနိုင်ခဲ့ပါတယ်။ အိမ်ရှင်တွေအတွက် ကွင်းလယ်လူဗီတင်ဟာရဲ့ဟက်ထရစ်နဲ့အတူ ဖေဘီယန်ရုဇ်၊ ပါချိုတို့က သွင်းဂိုးတွေ ရယူပေးခဲ့ပြီး တော့တင်ဟမ်အတွက် ရစ်ချာလီဆန်နဲ့ မူအာနီ(၂ဂိုး)တို့က ဂိုးတွေသွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ပီအက်စ်ဂျီရဲ့ ၁၆-သင်းရှုံးထွက်အဆင့်တိုက်ရိုက်တက်လှမ်းနိုင်ရေးမျှော်လင့်ချက် အားကောင်းလာခဲ့ပါတယ်။