The network connection is lost.

Banner Image

ဘောလုံးလောကရဲ့ ဂန္တဝင်ကစားသမားတွေအထဲမှ တစ်ဦးဖြစ်တဲ့ ရော်ဘတ်တို ဘက်ဂီယိုရဲ့ ကိုယ်ရေးရာဇဝင်

အီတလီဘောလုံးသမား ရောဘတ်တို ဘက်ဂီယိုသည် လှပသော ဘောလုံးကစားဟန်နဲ့အတူ ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး ကစားသမားများစာရင်းထဲတွင် ပါဝင်လေ့ရှိပြီး ဆယ်စုနှစ် နှစ်ခုနီးပါး ကြာမြင့်သည့် အချိန်အတောအတွင်း ကစားသမားဘဝ စံချိန်တွေကို ရေးထိုးမှတ်တမ်းတင်နိုင်ခဲ့သူ ဖြစ်ပါသည်။ ဒါဟာ တကယ့်ကို အံ့သြစရာတော့ မဟုတ်ပါဘူး။

ရော်ဘတ်တို ဘက်ဂီယို သည် ၎င်း၏ ဆယ်ကျော်သက်အရွယ်တွင် ပရော်ဖက်ရှင်နယ်အဖြစ် စတင်ခဲ့ပြီး အသက် 18 နှစ်တွင် ဖလောရန့်စ်အခြေစိုက် အီတလီရှိ ထိပ်သီးကလပ်များထဲမှ တစ်ခုဖြစ်သည့် ဖီအိုရင်တီးနားအသင် Fiorentina အတွက် ပါဝင်ကစားပေးခဲ့ပါသည်။

Baggio ဟာ သူ့ရဲ့ ကစားသမားဘ၀မှာ ပြောင်မြောက်တဲ့ ခြေစွမ်းတွေကို ပြသရင်း ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ကာ ဂျူဗင်တပ်စ်၊ အေစီမီလန်နဲ့ အင်တာမီလန်တို့အပါအဝင် အီတလီမှာရှိတဲ့ အင်အားအကြီးဆုံးကလပ်အသင်းတွေအတွက် ကစားပေးခဲ့ပါတယ်။ တစ်ဖက်တွင်၊ Baggio သည် ၁၉၉၀ မှ ၁၉၉၈ ခုနှစ်အထိ ကမ္ဘာ့ဖလားပြိုင်ပွဲ ၃ ကြိမ်ဆက်တိုက် အီတလီနိုင်ငံကိုကိုယ်စားပြုခဲ့ပြီး ၁၉၉၄ တွင် အီတလီကို ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ အရောက်ပို့ဆောင်ရာတွင် အဓိကနေရာမှပါဝင်ခဲ့ပါသည်။ Baggio သည် 2002 ခုနှစ် FIFA World Cup Dream Team ၊ FIFA 100 ကမ္ဘာ့အကောင်းဆုံး သက်ရှိကစားသမားစာရင်း 2004 ခုနှစ်တွင် ပါဝင်ခဲ့သလို 2011 ခုနှစ်တွင် Italian Football Hall of Fame တို့တွင်ပါဝင်ခဲ့သည်။

ငယ်ဘဝ
Roberto Baggio ကို 1967 ခုနှစ် ဖေဖော်ဝါရီလ 18 ရက်နေ့တွင် အီတလီနိုင်ငံ Caldogno၊ Veneto တွင် မွေးဖွားခဲ့ပြီး မိဘတွေကတော့ ဖလော်ရင်ဒိုဘက်ဂီယို Florindo Baggio နှင့် မက်တေလ်ဒီမက်ဂီယို Matilde Maggio တို့ဖြစ်သည်။ မိသားစုတွင် ကလေးရှစ်ယောက်အနက် ခြောက်ယောက်မြောက်ဖြစ်ပါသည်။

Roberto Baggio ဟာ ရှားပါးပြီး အရည်အချင်းရှိတဲ့ ဘောလုံးသမားတစ်ယောက်မှာ တွေ့ရတတ်တဲ့ စွမ်းရည်တွေရှိကြောင်း အစောပိုင်းမှာကတည်းက ကစားဖော်တွေအကြားမှာ ပေါ်လွန်နေခဲ့ပါတယ်။ Baggio သည် အသက် 9 နှစ်သာရှိသေးသည့်အချိန်တွင် ၎င်း၏ဒေသခံကလပ် ကယ်လ်ဒေါ့ဂ်နို Caldogno မှခေါ်ယူခြင်းခံခဲ့ရပြီး 2 နှစ်အကြာတွင် အသင်းအတွက် ဂိုးများစွာသွင်းယူနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်လာခဲ့ပါသည်။

သူ့ကို အသက် 13 နှစ်အရွယ်မှာ ကလပ် ဗီစန်ဇာ Vicenza က ပေါင် 300 နဲ့ ဝယ်ယူခဲ့ပြီး 1983 မှာ အဓိကအသင်းကြီးလူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ နောက် (2) နှစ်အတွင်းမှာ Baggio ဟာ လုံလောက်တဲ့ အရည်အချင်းတွေကို ပြသခဲ့နိုင်ခဲ့ပါတယ်။ အီတလီရှိ နာမည်ကျော် ကလပ်အသင်းကြီးများမှ စိတ်ဝင်စားမှုရရှိရင်း ခမ်းနားတဲ့ အောင်မြင်မှုတွေ ရယူနိုင်စေမယ့် ကစားသမားဘဝတစ်ဆင့် မြင့်တင်နိုင်ရန် လမ်းစပေါ်လာခဲ့ပါသည်။

ပရော်ဖက်ရှင်နယ် ကစားသမားဘဝ
ဖလောရန့်စ်အခြေစိုက်ကလပ် ဖီအိုရင်တီးနားသည် ပြောင်းရွှေ့ကြေး ပေါင် 1.5 သန်းဖြင့် 1985 ခုနှစ်တွင် အပြီးသတ်ဝယ်ယူနိုင်ခဲ့ပြီး Baggio ဟာ ဖီအိုရင်တီးနားအသင်းအတွက် (၅)ရာသီကြာကစားပေးခဲ့ရာမှာ (၉၄)ပွဲကစားကာ (၃၉)ဂိုး သွင်းယူပေးနိုင်ခဲ့တာကြောင့် ကလပ်ရဲ့ဂန္ဓဝင်ကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။

1990 တွင် ရောဘတ်တို ဘက်ဂျီယိုသည် အီတလီလက်ရွေးစင်အသင်းအတွက် ပွဲဦးထွက်ကစားပြီး နှစ်နှစ်အကြာတွင် အီတလီ၏အကြီးဆုံးကလပ်တစ်ခုဖြစ်သည့် ဂျူဗင်တပ်စ်အသင်းက ၎င်းအား ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် 8 သန်းဖြင့် ဝယ်ယူခဲ့ပါသည်။ ဘက်ဂီယိုရဲ့ အပြောင်းအရွှေ့သတင်းက ဖီအိုရင်တီးနား ပရိသတ်များကြား ဒေါသသူပုန်ထ ပေါက်ကွဲစေခဲ့တာကြောင့် Florence တွင် အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး အပြောင်းအရွှေ့သည် ဆိုးရွားလှတယ် မဟုတ်ရင်တောင် အနည်းငယ် အကျည်းတန်စေခဲ့ပါသည်။

ရောဘတ်တိုဘက်ဂီယိုသည် ဂျူဗင်တပ်စ်အသင်းတွင် ငါးရာသီကြာကစားခဲ့ပြီး ထိုကာလအတွင်း အသင်းအတွက် စုစုပေါင်းပွဲ ၂၀၀ တွင် ၁၁၅ ဂိုးသွင်းယူပေးခဲ့သည်။ Baggio သည် ဂျူဗင်တပ်စ်အသင်းတွင် ပါဝင်ကစားပေးနေစဉ် ၁၉၉၃ ခုနှစ် UEFA Cup ချန်ပီယံဆုကို ဆွတ်ခူးနိုင်ရန် အဓိကနေရာမှကူညီပေးနိုင်ခဲ့ပါသည်။

1990 ၌ Robert Baggio သည် အီတလီအတွက် ကမ္ဘာ့ဖလားတွင် ၎င်း၏ပထမဆုံးပွဲထွက်ခွင့်ရခဲ့ပြီး ပုံမှန်ပွဲထွက်ကစားသမားမဟုတ်သော်လည်း နှစ်ဂိုး သွင်းယူနိုင်ခဲ့သလို ဘောလုံးပရိတ်သတ်တွေကို အထင်ကြီးစေခဲ့ပြီး အဓိက ပြောစမှတ်ပြုစရာ ဖြစ်ခဲ့တာကတော့ ချက်ကိုစလိုဗက်ကီးယားနဲ့ပွဲမှာ အံ့ဩစရာကောင်းတဲ့ သွင်းဂိုးဖြစ်ပါတယ်။ တကယ့်ကို သမိုင်းဝင်သွင်းဂိုး တစ်ဂိုးအဖြစ် သွင်းယူလိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

1994 ခုနှစ် USA မှာကျင်းပတဲ့ ကမ္ဘာ့ဖလားတွင် Baggio ဟာ အီတလီရဲ့ အတောက်ပဆုံးကြယ်ပွင့်အဖြစ် ပါဝင်ကစားပေးခွင့်ရခဲ့ပြီး အီတလီအသင်းကို ဖိုင်နယ်ရောက်အောင် ဦးဆောင်နိုင်ခဲ့သလို ကိုယ်တိုင်ကလည်း ၅ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာ အီတလီက ဘရာဇီးကို ရှုံးနိမ့်ခဲ့ပြီး ကမ္ဘာ့ချန်ပီယံဖြစ်ခွင့်ကနေ လွဲချော်ခဲ့ရတာကြောင့် အီတလီပရိတ်သတ်တွေအတွက် နစ်နာမှုတစ်ရပ် ဖြစ်ခဲ့ပါတယ်။

1995 ခုနှစ်တွင် ရော်ဘတ်တို ဘက်ဂီယိုသည် ဂျူဗင်တပ်စ်ကနေ အေစီမီလန်သို့ ပေါင် 6.8 သန်းဖြင့် ပြောင်းရွှေ့ခဲ့ပါသည်။ မီလန်တွင် ဘက်ဂီယိုသည် နှစ်ရာသီအတွင်း 12 ဂိုးသွင်းယူခဲ့ပြီး မီလန်အသင်းသို့ပြောင်းရွှေ့ပြီးနောက် စီးရီးအေချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သော်လည်း ဂျူဗင်တပ်စ်မှာ သူပြသခဲ့တဲ့ တူညီတဲ့ထိပ်တန်းခြေစွမ်းမျိုးကိုတော့ မပြသနိုင်ခဲ့ပါဘူး။

1997 ခုနှစ်တွင် ရောဘတ်တိုဘက်ဂီယိုသည် ဘိုလော့ဂ်နာ FC သို့ပြောင်းရွှေ့ခဲ့ပြီး ဘက်ဂီယိုသည် ကလပ်အတွက် လိဂ်ဂိုး 22 ဂိုးသွင်းကာ အသင်းကို တန်းဆင်းဇုန်ကနေ လွတ်မြောက်ရန် ကယ်တင်ပေးနိုင်ခဲ့ပါသည်။

1998 ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ  ရော်ဘတ်တို ဘဂ္ဂီယိုဟာ အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့ပြီး ဒဏ်ရာဒဏ်ချက်ကြောင့် အင်တာမီလန်မှာ ကစားသမားဘဝ အရေးမလှခဲ့သလို အခက်အခဲအချို့ ကြုံတွေ့ခဲ့ရပါတယ်။
Roberto Baggio သည် 2000 ခုနှစ် တွင် ဘရက်စီယာ Brescia သို့ ပြောင်းရွှေ့ ခဲ့ပြီး ကလပ် တွင် လေး ရာသီကြာ ကစား ခဲ့ရာမှာ သူ သည် အသင်းအတွက် အရေးပါသော ဂိုးများ သွင်းယူ ကာ ဂိုးဖန်တီးမှုတွေလည်း အကြိမ်ကြိမ်ပြုလုပ် ပေးနိုင်ခဲ့ပါသည် ။ Baggio သည် ဘရက်စီယာ Brescia အသင်းအတွက် အတွက် 45 ဂိုးသွင်းယူခဲ့ပြီး 2004 ခုနှစ်တွင် ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အနားယူခဲ့ပါသည်။

ဆုတံဆိပ်နဲ့ အောင်မြင်မှုများ
1993 တွင် ဖီဖာ၏ တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီး ဥရောပတစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကိုလည်း ရရှိခဲ့သည်။
1994 ခုနှစ်တွင် သူသည် FIFA Player of the Century အင်တာနက်စစ်တမ်းတွင် စတုတ္ထစာရင်းဝင်ခဲ့သည်။
2002 ခုနှစ်တွင် FIFA World Cup Dream Team တွင် ရွေးချယ်ခံခဲ့ရသည်။
2004 ခုနှစ်တွင် ဘရာဇီးဂန္ဓဝင်ဘောလုံးအကျော်အမော် Pele သည် ကမ္ဘာ့အကောင်းဆုံးအသက်ရှိကစားသမားများစာရင်းတွင် သူ့ကိုရွေးချယ်ခဲ့သည်။

လူနေမှုဘဝ
Robert Baggio သည် အက်ဒရိန်နာဖာဘီ Adreina Fabbi နှင့် အချိန်အတော်ကြာ လက်တွဲခဲ့အပြီးမှာ 1989 ခုနှစ်တွင် လက်ထပ်ခဲ့ပါသည်။ သူတို့လင်မယားမှာ ကလေးသုံးယောက်ရှိပြီး သမီးလေးတစ်ဦးဖြစ်တဲ့ ဗယ်လက်တီးနား Valentina နဲ့ သားနှစ်ယောက်ဖြစ်တဲ့ မက်တီယာ Mattia နဲ့ လီယီုနာဒို Leonardo တို့ ဖြစ်ပါတယ်။
Baggio သည် ကက်သလစ်ဘာသာဝင်တစ်ဦး မွေးဖွားခဲ့သော်လည်း၊ ဘောလုံးသမားဘ၀ကို ပျက်စီးသွားစေနိုင်တဲ့ ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီးနောက် ၁၉၈၅ ခုနှစ်မှာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။