The network connection is lost.

Banner Image

ယူနိုက်တက်ကင်းထောက်တွေ စောင့်ကြည့်နေချိန်မှာ အေစီမီလန်ကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ ရာဖေးလ် လီယာအို

ယူနိုက်တက်အသင်းက သူ့ကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှတ်လိုက်တဲ့အတွက် ရာဖေးလ် လီယာအိုရဲ့ အေစီမီလန်မှာ ကုန်ဆုံးခဲ့တဲ့ အချိန်တွေဟာ အခုဆိုရင် အဆုံးသတ်ဖို့ ဖြစ်လာနေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီယာအိုဟာ ဆန်စီရိုမှာ ၇ နှစ်ကြာ ဖြတ်သန်းခဲ့သူ ဖြစ်ပေမဲ့ နည်းပြ မက်စ် အယ်လီဂရီနဲ့ အဆင်မပြေဖြစ်ခဲ့တယ်လို့ သတင်းထွက်ပေါ်လာပြီးနောက်မှာတော့ အခုလို အသင်းကနေ ထွက်ခွာရတော့မယ့် အခြေအနေကို ရောက်ရှိလာတာပါ။

Sportmediaset ရဲ့ ဖော်ပြချက်အရ လီယာအို အသင်းကနေ ထွက်ခွာဖို့က အရင်ကထက် ပိုပြီးသေချာနေသလို ယူနိုက်တက်အသင်းကလည်း သူ့ကို ခေါ်ယူဖို့ အထူးပဲ စိတ်ဝင်စားနေပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (မေလ ၁၀ ရက်) က အေစီမီလန်အသင်း အတ္တလန္တာကို ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ယူနိုက်တက်ဟာ လီယာအိုကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှတ်ခဲ့ပါတယ်။ ဒါဟာ တစ်လမပြည့်ခင်အတွင်းမှာပဲ သူ့ကို ဒုတိယအကြိမ်မြောက် လာရောက်စောင့်ကြည့်တာလည်း ဖြစ်ပါတယ်။

ဒီတောင်ပံကစားသမားကို ယူရို သန်း ၅၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖွယ်ရှိတယ်လို့ သိရပြီး ဒါဟာ သူ့ရဲ့ မူလစာချုပ်ဖျက်သိမ်းကြေးဖြစ်တဲ့ ယူရို ၁၇၅ သန်းထက်စာရင် အတော်လေး လျော့နည်းသွားတဲ့ ပမာဏလည်း ဖြစ်ပါတယ်။