The network connection is lost.

Banner Image

တိုက်စစ်ပိုင်းဖန်တီးမှုတိုးတက်လာဖို့ ရိန်ဒါစ်နဲ့ ဘရာဟင်ဒီယက်ဇ်တို့ကို ပစ်မှတ်ထားနေတဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်အသင်းက အသင်းတိုက်စစ်ပိုင်းမှာ ဖန်တီးမှုအသစ်တွေ ရရှိစေဖို့အတွက် မန်စီးတီးကစားသမားရိန်ဒါစ်နဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဘရာဟင်ဒီယက်ဇ်တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

စိတ်ပျက်စရာဘောလုံးရာသီတစ်ခုကို ဖြတ်သန်းနေရတဲ့ ဂျူဗင်တပ်စ်က ရာသီပိတ်ပွဲစဉ်မတိုင်ခင် အမှတ်ပေးဇယားအဆင့်-၆ နေရာဆီ ရောက်ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိနိုင်ဖို့အတွက် အဆင့်-၄ နေရာရှိ ရိုးမားကို အမီလိုက်နေရပါတယ်။

La Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းက လာမယ့်ဘောလုံးရာသီမှာ အခုလိုအခြေအနေမျိုးနဲ့ ထပ်မကြုံရအောင် ပြင်ဆင်နေပြီး အသင်းရဲ့တိုက်စစ်အစွမ်းကို မြှင့်တင်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

သူတို့က အစောပိုင်းမှာလည်း မန်စီးတီးမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာလာမယ့် ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူဖို့ စိတ်ကူးခဲ့ပေမဲ့ ကစားသမားဘက်မှ စိတ်ပါဝင်စားတဲ့ အပြုအမူမျိုး မပြသခဲ့ပါဘူး။

ဒါကြောင့် ဂျူဗင်တပ်စ်အသင်းက တိုက်စစ်ပိုင်းအားဖြည့်ဖို့အတွက် မန်စီးတီးကွင်းလယ်လူ အသက် ၂၇ နှစ်အရွယ်ရိန်ဒါစ်နဲ့ အသက် ၂၆ နှစ်အရွယ် ဘရာဟင်ဒီယက်ဇ်တို့ဆီ အာရုံစိုက်လာခဲ့ပါတယ်။

ဒီကစားသမားနှစ်ဦးလုံးက သက်ဆိုင်ရာကလပ်အသင်းတွေမှာ ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်နေရပြီး အခုနွေရာသီမှာ အသင်းမှ ထွက်ခွာကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။