The network connection is lost.

Banner Image

တော့တင်ဟမ်နဲ့ ဖူလ်ဟမ်တို့က ချိတ်ဆက်နေချိန်မှာ တိုမီနေး အနာဂတ်ကို ထုတ်ဖော်ပြောကြားလိုက်တဲ့ တန်ဟက်

တော့တင်ဟမ်၊ ဖူလ်ဟမ်နဲ့ ဂါလာတာစာရေးတို့က ချိတ်ဆက်နေပေမယ့် ယူနိုက်တက်နည်းပြ တန်ဟက်က တိုမီနေးကို အသင်းမှာဆက်ထိန်းထားချင်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

အသက် ၂၇ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက်အတွက် ပုံမှန်ပါဝင်ခွင့်ရရှိခဲ့ပြီး ပြိုင်ပွဲစုံ ၄၃ ပွဲအထိ ပါဝင်ခဲ့ကာ ၁၀ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ စကော့တလန်သားဟာ ပြီးခဲ့တဲ့နွေရာသီတုန်းကလည်း အပြောင်းအရွှေ့အတွက် သတင်းထွက်ခဲ့ပြီး ဝက်စ်ဟမ်းနဲ့ အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ပါတယ်။

အဲ့နောက်ပိုင်းကတည်းက တိုမီနေးဟာ တန်ဟက်ရဲ့အသင်းမှာ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ တိုမီနေးကို အသင်းတော်တော်များများက စိတ်ဝင်စားလာခဲ့ပြီး တန်ဟက်က အသင်းမှာ ဆက်ထိန်းထားချင်နေပါတယ်။

“ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ကစားသမားတွေ ရှိနေပါတယ်။ အဲ့တာကြောင့် အသင်းတော်တော်များများက စိတ်ဝင်စားနေကြပါတယ်။ တစ်ရာသီအတွင်း ၁၀ ဂိုးလောက်သွင်းယူနိုင်ပြီဆိုရင် စိတ်ဝင်စားလာကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သူ့ကိုဆက်ထိန်းထားချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော်တို့အသင်း အတွက် အရေးပါတဲ့သူဖြစ်တာကြောင့်ပါ။ ပြီးခဲ့တဲ့ရာသီတုန်းက သူဘယ်လောက်အသင်းအပေါ်အကျိုးပြုနိုင်လဲဆိုတာ မြင်မှာပါ။ သူက နေရာတော်တော်များများမှာ ကစားနိုင်ပါတယ်။ ကျွန်တော်တို့အသင်းမှာ သူက စိတ်ဝင်စားမှုအများဆုံးခံနေရတဲ့ကစားသမားပါ”လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ နွေရာသီအပြောင်းအရွှေ့အတွင်း ဇီကာဇီနဲ့ ယိုရိုတို့ကို ခေါ်ယူထားခဲ့ပြီးဖြစ်ကာ နောက်ထပ်ကွင်းလယ်ပိုင်းလည်း အားဖြည့်ဖို့ ပြင်ဆင်နေပါတယ်။ ပီအက်စ်ဂျီစတား ယူဂါတီနဲ့ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူထားနိုင်ခဲ့ပေမယ့် ပြောင်းရွှေ့ကြေးသဘောတူညီမှု ရယူနိုင်ဖို့တော့ လုပ်ဆောင်ရဦးမှာဖြစ်ပါတယ်။

အခြားတစ်ဖက်မှာလည်း ယူနိုက်တက်က အလွတ်နဲ့ရနိုင်မယ့် ရာဘီအော့ကို စိတ်ဝင်စားနေပါတယ်။